AD
AD
AD

ခြေကျင်းဝတ်းဒဏ်ရာကြောင့် မက္ကဆီကိုအသင်းနဲ့ပွဲစဉ်ကို ပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ ဒေါက်ကလပ် ကော်စတာဟာ အခုချိန်မှာ လေ့ကျင့်ခန်း ပြန် ဆင်းနေနိုင်ပြီ ဖြစ်ပါတယ်။

play

 

အခြေအနေအရ လာမယ့် သောကြာနေ့မှာ ကစားမယ့် ဘယ်လ်ဂျီယံနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ပါဝင်နိုင်ဖို့ လမ်းစ မြင်နေပြီး ကက်စမီရို မပါဝင် နိုင်တဲ့ ဘရာဇီးအတွက်တော့ ခုသာခံသာ ရှိမယ်လို့ ယူဆရပါတယ်။

play

 

ကော်စတာအနေနဲ့ ဒီ ကမ္ဘာ့ဖလားမှာ ၄၅ မိနစ်သာ ကစားထားရသေးပြီး ပြီးခဲ့တဲ့ ကော်စတာကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာသာ ပါဝင်ထားနိုင်တာ ဖြစ်ပါ တယ်။

အုပ်စုနောက်ဆုံးပွဲအဖြစ်ကစားခဲ့တဲ့ ဆားဘီးယားနဲ့ပွဲမှာလည်း မပါဝင်နိုင်ခဲ့ပေမယ့် အခုတော့ အထင်ကြီးလောက်အောင် ဒဏ်ရာက သက်သာ လာခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မက္ကဆိကို နဲ့ပွဲမှာလည်း ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ နားရက်ကောင်းကောင်းရထားမယ့် ကော်စတာအနေနဲ့ လာမယ့် ကွာတား ဖိုင်နယ်မှာ ကက်စမီရို မပါဝင်နိုင်မှုအပေါ် ဘယ်လောက် ပြန်လည် ဖာထေးပေးနိုင်မလဲဆိုတာတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရပါမယ်။

ကော်စတာအနေနဲ့ ဒီ ကမ္ဘာ့ဖလားပြီးရင် အငှားနဲ့ ကစားနေတဲ့ ဂျူဗင်တပ်အသင်းကို အပြီးသတ်ရောက်ရှိမယ်လို့ သိထားရပြန်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD