AD
AD
AD

ဘရာဇီးလ်အသင်းရဲ့ ဂန္ထ၀င်တိုက်စစ်မှူးကြီး ရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေမာကို ၀ိုင်းဝန်းဝေဖန်နေကြတာတွေဟာ အခြေအမြစ်မရှိဘူးလို့ ပြန်လည်တုံ့ပြန်လိုက်ပြီး ကွင်းလယ်ဒိုင်လူကြီးတွေအနေနဲ့လည်း နေမာကို လုံလောက်တဲ့ ကာကွယ်မှုမျိုးတွေ မပေးခဲ့ဘူးလို့ စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

play
Photo : Give Me Sports

 

လက်ရှိကာလမှာ နေမာအနေနဲ့ မီဒီယာများရဲ့ ဝေဖန်မှုတွေကို ခံယူနေရသူ ဖြစ်ပါတယ်။ အထူးသဖြင့် ဗြိတိန်မီဒီယာများက နေမာကို ဒိုက်ဗင်ထိုးမှုတွေ ရှိတယ်လို့ စွပ်စွဲရေးသားမှုတွေ ရှိသလို ပြစ်ဒဏ်ကျူးလွန်ခံရတိုင်းလည်း လိုအပ်တာထက် ပိုမိုတဲ့ အမူအယာတွေကို ပြသနေခဲ့တယ်လို့ ပြောဆိုမှုတွေကလည်း ရှိနေခဲ့ပါတယ်။

 

မက္ကဆီကိုနည်းပြ အိုဆိုရီယိုကလည်း နေမာဟာ အရမ်းကို သရုပ်ဆောင်ကောင်းလွန်းသူတို့ ဝေဖန်ခဲ့ပြီး အလန်ရှီးယား၊ ပီတာရှမိုက်ကယ်နဲ့ အဲရစ်ကန်တိုနာတို့လို အကျော်အမော်တွေကလည်း နေမာရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်အကျော်အမော် ရော်နယ်ဒိုက နေမာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။

play
Photo : FIFA

 

"ဘောလုံးလောကမှာ မတူညီမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး ကြိုက်သလို ယူဆတာမျိုးတွေလည်း ရှိပါတယ်၊ အားလုံးရဲ့ အမြင်နဲ့ ကျွန်တော့်အမြင်က ဆန့်ကျင်နေပါတယ်၊ သူက ကစားပုံကောင်းမွန်တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ယောက်ပါ၊ ဖြတ်ထုတ်မှုတွေအတွက် သူ့ကိုယ်သူ ကာကွယ်နေရတာလည်း ဖြစ်ပါတယ်၊ ကွင်းလယ်ဒိုင်တွေအနေနဲ့ သူ့အပေါ်မှာ လုံလောက်တဲ့ ကာကွယ်ပေးမှုမျိုးတွေ မပြုလုပ်ပေးခဲ့ပါဘူး"

play
Photo : Ronaldo.com

 

"သူ့အပေါ် ဝေဖန်မှုတွေက အဓိပ္ပာယ်ကို မရှိတာပါ၊ တီဗွီအစီအစဉ်တွေ၊ သတင်းစာတွေက သူတို့ရဲ့ နေရာလွတ်တွေ ပြည့်နှက်နေဖို့အတွက် နေမာကို အသုံးချပြီး ဖန်တီးနေကြတာပါ" လို့ ရော်နယ်ဒိုက နေမာအတွက် ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ နေမာဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ ပြစ်ဒဏ်ကျူးလွန်ခံရဆုံး ကစားသမားဖြစ်ပြီး အုပ်စုပွဲစဉ်အဖြစ် ဆွစ်ဇာလန်နဲ့ ကစားခဲ့စဉ်တုန်းက တစ်ပွဲတည်းကို (၁၀) ကြိမ်အထိ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

play
Photo : xinhuanet

 

ဘရာဇီးလ်အသင်းမှာ အန္တရာယ်အပေးနိုင်ဆုံး ကစားသမားအဖြစ် နေမာကို ပြိုင်ဘက်အသင်းတွေက သတိထားစောင့်ကြည့်နေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နေမာဟာ ဘရာဇီးလ်အသင်းအတွက် (၂)ဂိုး သွင်းယူပေးထားပြီး ဘရာဇီးလ်ကတော့ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဇူလိုင်လ (၇) ရက်နေ့မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD