AD
AD
AD

ပြင်သစ်အသင်းမှာ ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ လူငယ်တိုက်စစ်မှူး ဘာပေကို ဥရုဂွေးနောက်တန်းက တားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူးဆွာရက်ဇ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဥရုဂွေးအသင်းဟာ ကမ္ဘာ့ဖလားပွဲ (၄)ပွဲ ကစားပြီးချိန်မှာ ပေးဂိုး (၁)ဂိုးသာ ရှိပြီး တောင့်တင်းကျစ်လစ်တဲ့ ကစားပုံကြောင့် ချီးကျူးခံနေရတာ ဖြစ်ပါတယ်။

play
Photo : Goal

 

သောကြာနေ့၊ ည (၈း၃၀) မှာ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲ မတိုင်ခင်မှာ ဆွာရက်ဇ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘာပေကတော့ အာဂျင်တီးနားအသင်းကို (၂)ဂိုးသွင်းယူအပြီးမှာ ပြိုင်ဘက်အသင်းတွေအတွက် ထိတ်လန့်စရာ တိုက်စစ်မှူးအဖြစ် စောင့်ကြည့်ခြင်း ခံလာရသူ ဖြစ်ပါတယ်။

play

 

"သူက ဘယ်လောက်ထိ ထူးချွန်တဲ့ ကစားသမားလဲဆိုတာ အားလုံးသိကြပါတယ်၊ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ကျွန်တော်တို့အသင်းမှာ ကောင်းမွန်တဲ့ ခံစစ်ပိုင်းကို ပိုင်ဆိုင်ထားပြီး သူ့ကို ထိန်းချုပ်နိုင်မှာပါ" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်က ပြင်သစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂရစ်မန်းဇ်အပေါ်ကိုလည်း ပြန်လည်တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

play
Photo : Sport24

 

ဂရစ်မန်းဇ်က သူဟာ ဥရုဂွေးနိုင်ငံသားတစ်ဝက် ဖြစ်နေပါတယ်လို့ ပြောဆိုခဲ့မှုအပေါ်မှာ ဆွာရက်ဇ်က ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "သူ အဲလိုတွေ ပြောတာ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ဥရုဂွေးနိုင်ငံသား တစ်ဝက်ဖြစ်နေတဲ့ ပြင်သစ်တစ်ယောက်က ဥရုဂွေး နိုင်ငံသား တစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်လိုလုပ်သိနိုင်ပါ့မလဲ၊ ဥရုဂွေးသားတွေရဲ့ အောင်မြင်မှုရရှိဖို့ ကြိုးစားအားထုတ်မှုမျိုးကို သူမသိပါဘူး" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။

play
Photo : Hindustan Times

 

ပေါ်တူဂီနဲ့ပွဲမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့လို့ ပြင်သစ်နဲ့ ပွဲမှာ ပါဝင်ဖို့ မရေမရာဖြစ်နေတဲ့ အသင်းဖော် တိုက်စစ်မှူး ကာဗာနီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း "စောင့်ကြည့်ကြပါ" လို့ ဆွာရက်ဇ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကာဗာနီကတော့ ပေါ်တူဂီအသင်းကို (၂)ဂိုး သွင်းယူပေးခဲ့ပြီး အသင်းကို ကွာတားဖိုင်နယ်အဆင့် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD