AD
AD
AD

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ညက ကိုလံဘီယာအသင်းကို ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ကွာတားအဆင့်ကို ၂၀၀၆ နောက်ပိုင်း ပထမဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၁၉၉၀ နောက်ပိုင်း ပထမဆုံးဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နေပြီဖြစ်ပါတယ်။

 

ကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့တွေ့ဆုံယှဉ်ပြိုင်ရမှာလဲ

play

 

အင်္ဂလန်အသင်းဟာ လာမယ့်စနေနေ့ ညနေ ဆာမာရာကွင်းကြီးထဲမှာ ဆွီဒင်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ကြိမ်မြောက် တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယခင်တွေ့ဆုံခဲ့တဲ့ ၄ ကြိမ်မှာ အင်္ဂလန်အသင်းနဲ့ဆွီဒင်အသင်းတို့ဟာ တစ်ဖက်နဲ့တစ်ဖက် အရှုံး၊အနိုင်မပေါ်ခဲ့ဘဲ သရေရလဒ်တွေသာထွက်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ လာမယ့်စနေနေ့ပွဲစဉ်မှာ အင်္ဂလန်အသင်းသာ ဆွီဒင်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ်အဆင့်မှာ ဘယ်အသင်းနဲ့တွေ့ဆုံပြီး ဘာတွေဖြစ်လာမလဲဆိုတာ တွက်ချက်ပြမှာဖြစ်ပါတယ်။

 

အင်္ဂလန်ဆီမီးဖိုင်နယ်တက်ခဲ့မယ်ဆိုရင် ပြိုင်ဘက်က ဘယ်အသင်းဖြစ်မလဲ

play

 

အင်္ဂလန်အသင်းအနေနဲ့ ဆွီဒင်အသင်းကို ကွာတားဖိုင်နယ်အဆင့်မှာ အနိုင်ကစားပြီး ဆီမီးဖိုင်နယ်တက်ခွင့်ရခဲ့မယ်ဆိုရင် ဇူလိုင်လ ၁၁ ရက်နေ့ညမှာ အိမ်ရှင်ရုရှား(သို့)ခရိုအေးရှားအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ရုရှားနဲ့ ခရိုအေးရှားအသင်းတို့ဟာ သူတို့ရဲ့ကွာတားဖိုင်နယ်ပွဲစဉ်ကို လာမယ့်စနေနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

 

အင်္ဂလန် Vs ရုရှား

Image result for russia world cup

အင်္ဂလန်နဲ့ရုရှားအသင်းတို့ဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံမှာဖြစ်ပါတယ်။ လက်ရှိ အင်္ဂလန်အသင်းရဲ့စုဖွဲ့မှုအရ အိမ်ရှင်ရုရှားအသင်းထက် ပိုမိုသာလွန်နေပြီး ရုရှားအသင်းက အမိမြေမှာ ယှဉ်ပြိုင်ကစားတာဖြစ်တဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပိုမိုအားကောင်းနေပြီး အသင်းလိုက်ကစားပုံကောင်းမွန်မှုကြောင့် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာကို မေ့ထားလို့မရပါဘူး။ ဒါ့အပြင် အိမ်ရှင်အခွင့်အရေးပိုင်ဆိုင်ထားတဲ့ ရုရှားအသင်းကို အင်္ဂလန်အသင်းအနေနဲ့ ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်မကျူးလွန်မိအောင် အတတ်နိုင်ဆုံး ကြိုးစားကစားသွားရမှာဖြစ်ပါတယ်။

 

အင်္ဂလန် Vs ခရိုအေးရှား

Image result for croatia vs england 2009

Image result for croatia vs england

အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂ ကြိမ်စလုံး အင်္ဂလန်အသင်းက ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာကို တွေ့ရပါတယ်။ ခရိုအေးရှားအသင်းဟာ လက်ရှိအချိန်မှာ ကစားသမားကောင်းတွေ ပိုမိုများပြားနေပြီဖြစ်သလို အင်္ဂလန်အသင်းကလည်း ထိပ်တန်းအဆင့် လူငယ်ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့ ပွဲစဉ်လို့ ဆိုရမှာဖြစ်ပါတယ်။ ခရိုအေးရှားကို အင်္ဂလန် အနိုင်ရရှိဖို့ အစွမ်းကုန်ကြိုးစားရမှာဖြစ်ပြီး တကယ်လို့သာအနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းရဲ့ပြိုင်ဘက်တွေက ဘယ်အသင်းတွေ ဖြစ်လာနိုင်မလဲဆိုတာ ရှင်းလင်းပြသွားမှာပါ။

 

ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းရင်ဆိုင်ရဖွယ်ရှိတဲ့အသင်းတွေ

Image result for brazil

အင်္ဂလန်အသင်းအနေနဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီဆိုရင် အခြားတစ်ဖက် ၄ သင်းထဲက ဘယ်အသင်း ဗိုလ်လုပွဲကို တက်ရောက်လာမလဲဆိုတာ စဉ်းစားဖို့ ကျန်ရှိနေပါသေးတယ်။ အဲဒီအသင်းတွေကတော့ ဥရုဂွေး၊ ပြင်သစ်၊ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့ ဖြစ်ပြီး ယင်းအသင်း ၄ သင်းထဲက တစ်သင်းနဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဥရုဂွေးအသင်းက ပြင်သစ်အသင်းနဲ့ သောကြာနေ့ညနေမှာ ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယံတို့ကတော့ သောကြာနေ့ညမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကိုတော့ ဂျူလိုင်လ ၁၅ ရက်နေ့ညမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပန်းတိုင်သို့ သွားရာလမ်းကြောင်းကို ယခုလို တွက်ချက်ကြည့်နိုင်ပါတယ်။

 

ကမ္ဘာ့ဖလားပန်းတိုင်ရှိရာသို့ အင်္ဂလန်အသင်းရဲ့လားရာ

Image result for england vs

အင်္ဂလန် Vs ဆွီဒင် (ကွာတားဖိုင်နယ် ဇူလိုင်လ ၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်)

အင်္ဂလန် Vs ခရိုအေးရှား(သို့)ရုရှား(ဆီမီးဖိုင်နယ် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)

အင်္ဂလန် Vs ဘရာဇီးလ်(သို့)ဘယ်လ်ဂျီယံ(သို့)ပြင်သစ်(သို့)ဥရုဂွေး(ဗိုလ်လုပွဲ ဇူလိုင်လ ၁၅ ရက်နေ့ ၉ နာရီ ၃၀ မိနစ်)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD