AD
AD
AD

ဘရာဇီးလ်အသင်းရဲ့ကွင်းလယ်ကစားသမား ဝီလီယံဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဘာစီလိုနာအသင်းရဲ့ထိပ်တန်းပစ်မှတ်ဖြစ်ပြီး ဘာစီလိုနာအသင်းက ချယ်ဆီးအသင်းရဲ့ဝီလီယံရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ သတ်မှတ်မှုကို ငြင်းပယ်ခဲ့ပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

Willian breaks silence over Barcelona transfer link

စပိန်ကလာတဲ့သတင်းတွေအရ ဝီလီယံဟာ ၎င်းရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဂျိုးရက်ရှန်ကို ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပြီး စတန်းဖို့ဒ်ဘရစ်ဂ်ျကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးပြီလို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ချယ်ဆီးအသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကော်တင်ဟိုနဲ့ ပေါ်လင်ဟိုတို့နဲ့အတူ တွဲကစားရတဲ့ကစားသမားဟာ ထူးခြားတဲ့ကစားသမားဖြစ်မှာပါ။ သူတို့နှစ်ယောက်က ကျွန်တော်ရဲ့ သူငယ်ချင်းတွေပါ"

"ကော်တင်ဟိုဟာ ထူးခြားတဲ့စွမ်းရည်တွေ ရှိပါတယ်။ ကမ္ဘာ့ဖလားမှာ သူ အကောင်းဆုံးလုပ်ပြနေတယ်။ သူရှေ့ဆက်ပြီး ဒီအတိုင်းလုပ်ပြဦးမယ်ဆိုတာ သေချာပါတယ်"

"ဘာစီလိုနာအသင်းနဲ့ပတ်သက်တဲ့ အင်တာနက်ပေါ်က သတင်းတွေကို ကျွန်တော် စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာလုပ်ရမှန်း မသိသေးပါဘူး"

"အခုက အဲဒီအကြောင်းကို ပြောဖို့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကမ္ဘာ့ဖလားအပေါ်မှာ အရမ်းအာရုံစိုက်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Willian breaks silence over Barcelona transfer link

ဝီလီယံဟာ ၂၀၀၆ ခုနှစ်မှာ ကိုရင်သီယန်အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ရှက်တာဒိုးနတ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ရှက်တာဒိုးနတ်အသင်းအတွက် ပွဲပေါင်း ၁၄၀ ကစားပေးခဲ့ပြီး ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ရုရှားကလပ်အသင်းတစ်သင်းဖြစ်တဲ့ အန်ဇဲမက်ရှ်ချက်ကလာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၁၁ ပွဲကစားသာ ကစားရသေးချိန်မှာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းကစားသမားအဖြစ် ၂၀၁၁ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပြီး ဘရာဇီးလ်အသင်းအတွက် ၆၁ ပွဲကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD