AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပထမဆုံးပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ဆွီဒင်အသင်းတို့ဟာ သောကြာနေ့ညနေ ဆာမာရာကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့အဓိကကစားသမားများစွာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာဟာ နည်းပြဆောက်ဂိတ်အတွက် ခေါင်းခဲစရာဖြစ်ခဲ့ပြီး အသက်ရှူချောင်စရာသတင်းတွေကလည်း ရှိနေပါတယ်။

play
Photos: Metro

အင်္ဂလန်အသင်းရဲ့ဘယ်နောက်ခံကစားသမား အက်ရှ်လေယန်းဟာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ် အချိန်ပို ပထမပိုင်း ၁၀၂ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဒန်နီရို့စ်နဲ့ လူစားလဲလှယ်ခံခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်း၊ ကိုင်လီဝေါ်ကာ၊ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ကတော့ ဆွီဒင်အသင်းနဲ့ပွဲစဉ်အတွက် ကြံ့ခိုင်မှုစစ်ဆေးရာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

play
Photos: Metro

 

ဝေါ်ကာနဲ့ ဟယ်ရီကိန်းတို့ဟာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ကြွက်တက်ခဲ့ပြီး ဝေါ်ကာဟာ အဲရစ်ဒိုင်ယာရဲ့နောက်ဆုံးပင်နယ်တီကို သွင်းယူအပြီး အောင်ပွဲခံရာမှာ ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ဗုဒ္ဓဟူးနေ့က လေ့ကျင့်ရေးမှာ ပုံမှန်အတိုင်း လေ့ကျင့်ရေးပြုလုပ်နိုင်ခဲ့ပြီး ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ကစားခဲ့တဲ့ကစားသမားတွေထဲက လေ့ကျင့်ရေးဆင်းနိုင်တဲ့ တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့နည်းပြ ဂါးရတ်ဆောက်ဂိတ်အနေနဲ့ ဆွီဒင်အသင်းရဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ရွှေဖိနပ်ဆုစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို တိုက်စစ်မှာ ဦးဆောင်စေမှာဖြစ်ပြီး အက်ရှ်လေယန်းရဲ့နေရာမှာ ဒန်နီရို့စ်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

play
Photos: Metro

 

အက်ရှ်လေယန်းဟာ ခြေချင်းဝတ်မှာလည်း ဒဏ်ရာပြဿနာရှိနေသူဖြစ်ပြီး ဆွီဒင်အသင်းနဲ့ပွဲစဉ်အတွက် အချိန်မီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖို့ ကြိုးစားနေတယ်လို့ The Times က ရေးသားထားပါတယ်။ နောက်ထပ်ဒဏ်ရာရရှိထားတဲ့ကစားသမားကတော့ တိုက်စစ်မှူး ဂျေမီဗာဒီဖြစ်ပြီး ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာပြန်လည်ကောင်းမွန်မှု မြန်ဆန်အောင် ခြေထောက်ထဲကို သကြားဓာတ်ထိုးသွင်းခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပထမဆုံး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD