AD
AD
AD

ဥရုဂွေးအသင်းရဲ့ကွင်းလယ်ကစားသမား လူးကပ်စ်တိုရဲရားဟာ အာဆင်နယ်အသင်းနဲ့ ရုရှားမှာ ဆေးစစ်မှုခံယူဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီး လူးကပ်စ်တိုရဲရားရဲ့ဖခင်ကတော့ ၎င်းရဲ့သားဖြစ်သူ လူးကပ်စ်တိုရဲရားဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ သေချာတယ်လို့ ပြောကြားခဲ့ပါတယ်။

play
Photos: Metro

အာဆင်နယ်အသင်းဟာ လူးကပ်စ်တိုရဲရားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၆.၄ သန်းပေးချေဖို့ ဆမ်ဒိုးရီးယားအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့် အပြောင်းအရွှေ့ကို တရားဝင်မကြေညာရသေးတာဖြစ်ပါတယ်။ တိုရဲရားဟာ လက်ရှိအချိန်မှာ ဥရုဂွေးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားပေးနေသူဖြစ်ပါတယ်။

ဥရုဂွေးအသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ပေါ်တူဂီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး လာမယ့်သောကြာနေ့ညမှာ ပြင်သစ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ တိုရဲရားရဲ့ဖခင်က အာဆင်နယ်အသင်းအနေနဲ့ ရုရှားမှာပဲ ဆေးစစ်မှုကို အပြီးသတ်ပြုလုပ်ချင်တဲ့ဆန္ဒရှိနေပြီး တိုရဲရားက ဥရုဂွေးအသင်းနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ ပြုလုပ်ဖို့ ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

play

 

လူးကပ်စ်တိုရဲရားဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းအတွက် ရုရှား၊ ပေါ်တူဂီအသင်းတို့နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားပေးထားသူဖြစ်ပြီး အနာဂတ်မှာ လင်းလက်လာမယ့်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ လူးကပ်စ်တိုရဲရားရဲ့ဖခင်ဖြစ်သူက အာဆင်နယ်အသင်းနဲ့ဆေးစစ်မှုကို ရွှေ့ဆိုင်းလိုက်တဲ့အပေါ် အခုလိုပဲ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

"ကောင်းတဲ့အချက်တစ်ချက်အနေနဲ့ သူ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းမှာပါ"

"ကျွန်တော်တို့ကို ဆက်သွယ်တဲ့အသင်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အာဆင်နယ်အသင်းကို ကတိပေးခဲ့ပြီးပါပြီ။ သူတို့ ကမ်းလှမ်းတာတွေနဲ့ပတ်သက်ပြီးလည်း အရမ်းကို စိတ်ကျေနပ်မှုရှိပါတယ်"

"ဆွေးနွေးမှုကတော့ အပြည့်အဝပြီးလုနီးပါးဖြစ်နေပါပြီ။ အာဆင်နယ်အသင်းကို လူးကပ်စ်ရောက်ရှိလာဖို့ပဲ ကျန်တော့တာပါ"

"အာဆင်နယ်အသင်းက ဆေးစစ်မှုတွေကို ရုရှားမှာပဲ လုပ်ဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီလိုမလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်က အဲဒါတွေလုပ်ဖို့ အဆင်မပြေသေးဘူးလို့ ခံစားနေရလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD