AD
AD
AD

အင်္ဂလန်အသင်းနဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေခဲ့တဲ့ ခရိုအေးရှားနောက်ခံလူ ဗာဆယ်ကိုဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကြာသာပတေးနေ့ နံနက်မှာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ရဲ့ ပွဲကို ကစားတော့မှာလည်း ဖြစ်ပါတယ်။

play
Photo : 90 min

 

ခရိုအေးရှားအသင်းရဲ့ ညာနောက်ခံလူ ဗာဆယ်ကိုဟာ ရုရှားနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်နဲ့ကစားရမယ့်ပွဲကို လွဲချော်ဖွယ်ရှိတယ်လို့  ကနဦးသတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခရိုအေးရှား ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Vercenji List ရဲ့ ဖော်ပြချက်အရ ဗာဆယ်ကိုဟာ အင်္ဂါနေ့က အနားယူခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

play
Photo : 90 min

 

"သူ ပုံမှန်လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နေပြီး အင်္ဂလန်နဲ့ပွဲအတွက် အသင့်ဖြစ်နေပါပြီ" လို့ အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပြီး ဗာဆယ်ကို လေ့ကျင့်မှုပြုလုပ်နေတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်အတွက် ခေါင်းစားစရာ သတင်းဖြစ်လာခဲ့ပြီး ဗာဆယ်ကိုရဲ့ ဒဏ်ရာသတင်းဟာ ခရိုအေးရှားနည်းပြ ဒါလစ်က အင်္ဂလန်ကို အံ့အားသင့်အောင် ပြင်ဆင်ခဲ့တာလို့လည်း ရေးသားခဲ့ပါတယ်။

play
Photo : Firenews

 

"အချိန်ပိုပထမပိုင်းမှာ ကျွန်တော့်ဒူးက နာကျင်နေခဲ့ပါတယ်၊ အသင်းဆရာဝန်ကို ပြောပြအပြီးမှာ လူစားလဲလှယ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်၊ တခြားစိုးရိမ်စရာတော့ ဘာမှမရှီပါဘူး၊ ဒါပေမယ့် အင်္ဂလန်နဲ့ပွဲမတိုင်မီ ပြန်ပြီးသက်သာလာဖို့ ကျွန်တော်မျှော်လင့်မိပါတယ်" လို့ ရုရှားနဲ့ပွဲအပြီးမှာ ဗာဆယ်ကိုက သူ့ရဲ့ ဒဏ်ရာအခြေအနေကို ပြောပြရှင်းလင်းခဲ့ပါတယ်။

play
Photo : Talk Sports

 

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းများအရ ဗာဆယ်ကိုဟာ အင်္ဂလန်နဲ့ပွဲကို ပါဝင်ကစားနိုင်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။ ဒီသတင်းဟာ ခရိုအေးရှားအတွက် သတင်းကောင်းတစ်ရပ် ဖြစ်လာခဲ့ပြီး ဗိုလ်လုပွဲအတွက် အရေးပါတဲ့ ပွဲစဉ်မှာ အဓိကကစားသမားတစ်ဦးကို ထည့်သွင်း အသုံးပြုခွင့် ရရှိတော့မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD