AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)မှာ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

 

အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်။

၂၄ ဧပြီ ၁၉၉၆အင်္ဂလန် Vs ခရိုအေးရှား ၀-၀နိုင်ငံတကာခြေစမ်းပွဲ
၂၀ သြဂုတ် ၂၀၀၃အင်္ဂလန် Vs ခရိုအေးရှား ၃-၁နိုင်ငံတကာခြေစမ်းပွဲ
၂၁ ဇွန် ၂၀၀၄ခရိုအေးရှား Vs အင်္ဂလန် ၂-၄ယူရို
၁၁ အောက်တိုဘာ ၂၀၀၆ခရိုအေးရှား Vs အင်္ဂလန် ၂-၀ယူရို
၂၁ နိုဝင်ဘာ ၂၀၀၇အင်္ဂလန် Vs ခရိုအေးရှား ၂-၃ယူရို
၁၀ စက်တင်ဘာ ၂၀၀၈ခရိုအေးရှား Vs အင်္ဂလန် ၁-၄ဖီဖာကမ္ဘာ့ဖလား
၉ စက်တင်ဘာ ၂၀၀၉အင်္ဂလန် Vs ခရိုအေးရှား ၅-၁ဖီဖာကမ္ဘာ့ဖလား

 

ပွဲကြိုအချက်အလက်များ

 

-အင်္ဂလန်အသင်းဟာ နှစ်ပေါင်း ၂၀ ကြာမှ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်တက်ရောက်နိုင်ခဲ့တာဖြစ်။
-ခရိုအေးရှားအသင်းကလည်း နှစ်ပေါင်း ၂၈ နှစ်ကြာမှ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်တက်ရောက်နိုင်ခဲ့။
-ခရိုအေးရှားက ၁၉၉၈ ကမ္ဘာ့ဖလားမှာ တတိယရရှိခဲ့ပြီး အသင်းရဲ့အအောင်မြင်ဆုံးမှတ်တမ်းတစ်ခုဖြစ်။
-အင်္ဂလန်အသင်းက ၁၉၆၆ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ၁၉၉၀ မှာ စတုတ္ထနေရာအမြင့်ဆုံးရရှိခဲ့။
-အင်္ဂလန်အသင်းအတွက် ဟယ်ရီကိန်းက ဂိုးအများဆုံး(၆ ဂိုး)သွင်းယူပေးထား။

 

နှစ်ဖက်အသင်းသတင်းများ

 

ခရိုအေးရှားအသင်းရဲ့ဂိုးသမား ဆူဘာဆစ်နဲ့ ဗာဆယ်ကိုတို့ဟာ ရုရှားနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာ ပြန်လည်သက်သာနေပြီဖြစ်ပြီး ယနေ့ပွဲစဉ်မှာ ပါဝင်ကစားမယ်လို့ သိရ။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ဆွီဒင်အသင်းနဲ့ပွဲစဉ်က လူစာရင်းအတိုင်း ပွဲထွက်ကစားမယ်လို့ သိရပြီး အပြောင်းအလဲပြုလုပ်ခဲ့မယ်ဆိုရင်တောင် အနည်းငယ်သာ ပြုလုပ်မယ်လို့ သိရ။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

play

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD