AD
AD
AD

ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ခရိုးအေးရှားအသင်းတို့ရဲ့ပွဲစဉ်မှာ ခရိုအေးရှားအသင်းက အင်္ဂလန်အသင်းကို ၂-၁ နဲ့အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဆီမီးဖိုင်နယ်အဆင့်ကိုသာ အမြင့်ဆုံးတက်ရောက်ခဲ့ဖူးတဲ့အသင်းဖြစ်ပါတယ်။

play

 

ပထမပိုင်း ၅ မိနစ်မှာ ထရစ်ပီယာက အင်္ဂလန်အသင်းအတွက် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အကြိမ်ကြိမ်ရရှိခဲ့ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်းအဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာဖြစ်ပါတယ်။

play

 

ဒုတိယပိုင်းမှာ ခရိုအေးရှားအသင်းက အင်္ဂလန်အသင်းကို အပေးအယူမှန်မှန်ပြုလုပ်ပြီး တိုက်စစ်ကို ပုံဖော်ပြီး ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ၆၈ မိနစ်မှာ ဗာဆယ်ဂ်ျကိုရဲ့ ဖြတ်တင်ပေးပို့မှုကို ပါရီဆစ်က အင်္ဂလန်နောက်ခံကစားသမားတွေကို ကျော်ဖြတ်ပြီး ပိတ်သွင်းယူနိုင်ခဲ့တာကြောင့်ခရိုအေးရှားအသင်းက ချေပဂိုးကို ရရှိခဲ့ပါတယ်။

play

 

တစ်ဖက် ၁ ဂိုးစီ တူညီသွားတဲ့ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ပွဲစဉ်ဟာ ပိုမိုကြည့်ကောင်းလာခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၉၀ ပြည့်မြောက်တဲ့အချိန်အထိ တစ်ဖက်နဲ့တစ်ဖက် နောက်ထပ်ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ကြပါတယ်။

play

 

အချိန်ပို ပထမပိုင်းမှာ ခရိုအေးရှားအသင်းရဲ့တိုက်စစ်မှူး မန်ဇူကစ်အပိုင်ကန်သွင်းခွင့်ရရှိခဲ့ပေမယ့် အင်္ဂလန်အသင်းရဲ့ဂိုးသမား ပစ်ဖို့ဒ်ကလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ အချိန်ပို ဒုတိယပိုင်း ၁၀၉ မိနစ်မှာ ပါရီဆစ်ရဲ့ပေးပို့မှုကနေတစ်ဆင့် မန်ဇူကစ်က ခရိုအေးရှားအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ခရိုအေးရှားအသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD