AD
AD
AD

အချိန်ပိုမှာ အင်္ဂလန်အသင်းကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်က ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့တာဟာ အံ့ဖွယ်သရဲ အဖြစ်အပျက်လို့ တင်စားပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းက တစ်ဂိုးအသာနဲ့ ဦးဆောင်နေမှုကို ခရိုအေးရှားအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play
Photo : Fotmob

 

လုခ်နီကီကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အင်္ဂလန်နဲ့ခရိုအေးရှားတို့ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထရစ်ပီယာ နဲ့ ပါရီဆစ်တို့က ပုံမှန်ပွဲချိန်အတွင်း ဂိုးတွေသွင်းယူပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။ အချိန်ပိုဆက်လက်ကစားရမှာတော့ ပွဲချိန် (၁၀၉)မိနစ်မှာ မန်ဇူကစ်က ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ဒုတိယမြောက်ဂိုးအဖြစ် သွင်းယူခဲ့ပြီး ခရိုအေးရှားအသင်း အနိုင်ရရှိခဲ့ပါတယ်။

play
Photo : My Sports

 

ခရိုအေးရှားအသင်းဟာ ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဗိုလ်လုပွဲ ကစားရမှာလည်း ဖြစ်ပါတယ်။ အင်္ဂလန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ခရိုအေးရှားအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ မန်ဇူကစ်က အခုလိုပဲ ပြောဆိုသွား ခဲ့ပါတယ်။

play
Photo : Evening Standard

 

"တကယ့်ကို အံ့ဖွယ်သရဲပါပဲ၊ ပြိုင်ပွဲတစ်ခုလုံးမှာ ကျွန်တော်တို့ဟာ နှလုံးသားစိတ်ဝိဥာဏ်နဲ့ ကစားခဲ့ကြတာပါ၊ ကျွန်တော်ကစားခဲ့တဲ့ ပွဲတိုင်းမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျေနပ်မိပါတယ်၊ ဒိန်းမတ်၊ ရုရှားတို့နဲ့ ပွဲမှာ ကျွန်တော်တို့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲဆိုတာ အားလုံးတွေ့ခဲ့ကြပါပြီ၊ နိုင်ပွဲအတွက် ကျွန်တော် တကယ်ကျေနပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

play
Photo : Westlake Legal Group

 

ခရိုအေးရှားအသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး တတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ခရိုအေးရှားအသင်းရဲ့ စုဖွဲ့မှုက အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပြီး အုပ်စုအဆင့်ကစလို့ ဗိုလ်လုပွဲအထိ ရှုံးပွဲမရှိပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD