AD
AD
AD

ဒီနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ခရိုအေးရှားအသင်းကို ၁-၂ နဲ့ အရေးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါဟာ ၁၉၆၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ဗိုလ်စွဲပြီးနောက်ပိုင်း ဆီမီးဖိုင်နယ်ပွဲ (၄)ပွဲမှာ အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့ရမှုလည်း ဖြစ်လာခဲ့ပါတယ်။

play
Photo : CNN

 

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလမ်းခရီးဟာ ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်အဆင့်နဲ့တင် အဆုံးသတ်ပြီးဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ခြင်္သေ့သုံးကောင်လို့ နာမည်ပြောင်ရ အင်္ဂလန်အသင်းဟာ မာရီယိုမန်ဇူကစ်ရဲ့ အချိန်ပိုသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပြီး အသည်းကွဲသွားခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အင်္ဂလန်အသင်းရဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်ပွဲ (၄)ပွဲမြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။

 

၁၉၆၈ ခုနှစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ယူဂိုဆလားဗီးယားအသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာလည်း ဂျာမနီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၆ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ဂျာမနီကိုပဲ ထပ်မံအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

play
Photo : Yahoo

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားကို အရေးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်ကျိန်စာကနေ မလွတ်မြောက်နိုင်သေးတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ပယ်နယ်တီအဆုံးအဖြတ်တွေနဲ့ ရင်ဆိုင်ရတိုင်း ရလာဒ်မကောင်းတတ်တဲ့ အစဉ်အလာဆိုးကို ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆုံးသတ်နိုင်ခဲ့ပြီး ကိုလံဘီယာနဲ့ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

play
Photo : Bleacher

 

ဒါပေမယ့်လည်း ဆီမီးဖိုင်နယ်ကျိန်စာသင့်မှုဟာ ဆက်လက်တည်တံ့နေခဲ့ပါတယ်။ ဂါရတ်ဆောက်ဂိတ်ရဲ့ လူငယ်အများစုကို အားပြုရွေးချယ်ထားတဲ့ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့မှုအပေါ်မှာပဲ ကျေနပ်ရမှာဖြစ်ပြီး ထိုက်သင့်သလောက် အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

play
Photo : Triatum

 

အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် စနေနေ့မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ကစားရမှာဖြစ်ပြီး တတိယ နေရာလုပွဲ ဆင်နွှဲရမှာလည်း ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့ရစဉ်ကတော့ နှစ်သင်းစလုံးဟာ အရန်ကစားသမားအများစုကို ပွဲထုတ်ခဲ့ပြီး ဘယ်လ်ဂျီယံက ဂျာနူဇက်ဂ်ျရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD