AD
AD
AD

အင်္ဂလန်မီဒီယာတွေက ခရိုအေးရှားကို လျှော့တွက်ခဲ့တယ်လို့ ခရိုအေးရှား အသင်းခေါင်းဆောင် လူကာမိုဒရစ်က ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ကို အနိုင်ရအပြီး ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့အပြီးမှာ မိုဒရစ်က ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မော်စကိုမှာ ကစားခဲ့တဲ့ပွဲမှာ ခရိုအေးရှားဟာ မန်ဇူကစ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ခရိုအေးရှားကို အနိုင်ရဖို့အတွက် ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားအသင်းဟာ ရှုံးထွက်အဆင့်တွေမှာ အချိန်ပို၊ ပယ်နယ်တီအဆုံးအဖြတ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆီမီးဖိုင်နယ်အထိ တက်ရောက်လာခဲ့တဲ့ အပေါ်မှာ အင်္ဂလန် မီဒီယာတွေက အထင်သေးခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန်တွေအနေနဲ့ ပြိုင်ပွဲမှာ ပိုမိုနှိမ့်ချဖို့ နဲ့ ပွဲအပေါ်မှာ လေးစားမှု အပြည့်အ၀ရှိဖို့ လိုအပ်တယ်လို့လည်း မိုဒရစ်က ဝေဖန်ပြောကြားခဲ့ပါတယ်။

play

 

ITV နဲ့ တွေ့ဆုံမေးမြန်းမှုအပေါ်မှာ မိုဒရစ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ "အားလုံးပြောဆိုနေကြတာတွေနဲ့ ကွဲပြားခြားနားအောင် ကျွန်တော်တို့ ပြသနိုင်ခဲ့ပတါယ်၊ အထူးသဖြင့် အင်္ဂလန်မီဒီယာတွေ၊ တီဗီက ခန့်မှန်းသူတွေဟာ ခရိုအေးရှားကို အထင်သေးခဲ့ကြပါတယ်၊ ဒီညမှာ သူတို့ရဲ့ အတွေးတွေ မှားယွင်းခဲ့ပါပြီ၊ သူတို့ပြောသမျှ ကျွန်တော်တို့ မြင်ရ၊ ကြားရ ၊ ဖတ်ရပါတယ်"

 

"ကျွန်တော်တို့အားလုံးက အိုကေလို့ပဲ ပြောခဲ့တာပါ၊ ဒီနေ့မှာတော့ ဘယ်သူတွေက ပိုပြီးတော့ မောပန်းနွမ်းနယ်သလဲဆိုတာ အားလုံးမြင်ရမှာပါ၊ ဒါကြောင့် ကျွန်တော်ပြောချင်တာက သူတို့အနေနဲ့ နှိမ့်ချတတ်ဖို့၊ ပြိုင်ဘက်ကို ပိုမိုလေးစားတတ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်" လို့ မိုဒရစ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

play

 

"ကျွန်တော်တို့တွေ အားအင်ကုန်ခမ်းမှု မရှိကြောင်း ပြသနိုင်ခဲ့ပြီး ပွဲကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းစရာအရပါ လွှမ်းမိုးနိုင်ခဲ့ပါတယ်၊ အချိန်ပိုမှာ ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်၊ ဒါက ကျွန်တော်တို့အတွက်တော့ အံ့အားသင့်စရာ အောင်မြင်မှုပါ၊ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ၊ အချိန်အများကြီး ကြာပြီးတဲ့နောက် ကျွန်တော်တို့ ဗိုလ်လုပွဲကို ရောက်ခဲ့ပါပြီ"

play

 

"ခရိုအေးရှားရဲ့ အားကစားသမိုင်းမှာ အကြီးကျယ်ဆုံးအောင်မြင်မှု ဖြစ်ပြီး ဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်၊ ဒါက ကျွန်တော့်ရဲ့ ကစားသမားဘ၀ အကောင်းဆုံးအချိန်တွေထဲက တစ်ခုပါ၊ အကောင်းဆုံးဆိုတာမျိုး မဟုတ်ပါဘူး၊ ကျွန်တော်တို့ အနိုင်ရအောင် စီမံနိုင်ရင် ဒီထက်ပိုပြီးကောင်းမွန်တဲ့အရာကို ရရှိမယ်လို့ မျှော်လင့်နိုင်မှာပါ" လို့ မိုဒရစ်က ထပ်မံပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD