AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက အင်္ဂလန်အသင်း ဗိုလ်လုပွဲကို မတက်ရောက်နိုင်ခဲ့မှုအတွက် ငိုကြွေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဖလားရရှိဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိခဲ့တာကြောင့် ငိုကြွေးသင့်သလို အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အကောင်းမြင်နိုင်စရာတွေ ရှိခဲ့တယ်လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

play

 

ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို အချိန်ပိုအထိ ကစားခဲ့ရပြီး ပွဲချိန် (၁၀၉)မိနစ်မှာ မန်ဇူကစ်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ထရစ်ပီယာရဲ့ အလွတ်တည်ကန်ဘောကတဆင့် အင်္ဂလန်အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် ပါရီဆစ်က ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး မန်ဇူကစ်က အနိုင်ဂိုးကို ခရိုအေးရှားအတွက် သွင်းယူခဲ့ပါတယ်။

play

 

"အင်္ဂလန် ငိုကြေးဖို့အတွက် အကြောင်းပြချက်တွေ ရှိပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ဟာ ကမ္ဘာ့ဖလားနဲ့ အနီးစပ်ဆုံးထိ ရောက်ရှိခဲ့လို့ပါ၊ ဒီအတွက် ကမ္ဘာ့ဖလားကို မျှော်လင့်မှုနဲ့ ပတ်သက်ပြီးလည်း သူတို့မှာ အကြောင်းပြချက်ကောင်းတွေ ရှိခဲ့ပါတယ်၊ ဒိအသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေကထက်စာရင် အများကြီးတိုးတက်လာပါတယ်"

play

 

"ငယ်ရွယ်နုပျိုတဲ့ အသင်းတစ်သင်းဖြစ်ပြီး အဓိကကစားသမားအများစုဟာ နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးရှိနေပြီး ကလပ်အသင်းမှာလည်း အတွေ့အကြုံကောင်းတွေ ရရှိဦးမှာပါ၊ ဆောက်ဂိတ်ကို အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိပြီး အခွင့်အရေးပေးသင့်သလို ယူရိုပြိုင်ပွဲနဲ့ နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ပေးသင့်ပါတယ်"

play

 

"ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတွေအနေနဲ့ နိုင်ငံကို  ပြန်လည်ရောက်ရှိလာခဲ့ရင် သူတို့ရဲ့ ပေးဆပ်မှုနဲ့ ပြုလုပ်နိုင်ခဲ့မှုတွေအတွက် ချီးကျူးဂုဏ်ပြုထိုက်သင့်ပါတယ်၊ ခရိုအေးရှားအတွက်ကတော့ ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါတယ်၊ သေးငယ်တဲ့ လိဂ်ပြိုင်ပွဲသာ ရှိပြီး အဓိကစားသမားတွေဟာ အဲဒီလိဂ်မှ မကစားကြပေမယ့် သူတို့ဟာ နိုင်ငံရပ်ခြားမှာ ကစားနိုင်ကြပါတယ်" လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD