AD
AD
AD

ဘယ်လ်ဂျီယံအသင်း နည်းပြ မာတီနက်ဇ်က အင်္ဂလန်အသင်းနဲ့ သူတို့အသင်းရဲ့ ကြားမှာ ဘယ်လိုလျှို့ဝှက်ချက်မှ မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၂)ကြိမ်မြောက် ရင်ဆိုင်ရမယ့် အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုကို ဒီနေ့ည (၈း၃၀)မှာ မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

play
Photo : Sky Sports

 

အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့စဉ်က ဘယ်လ်ဂျီယံက (၁-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းနှစ်သင်းစလုံးဟာ လူစာရင်း အပြောင်းအလဲကို အများအပြားပြုလုပ်ခဲ့ပါတယ်။ စိန့်ပီတာစဘက်ဂ်ျမှာ စနေနေ့ ရင်ဆိုင်ရမယ့် တတိယလုပွဲရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မာတီနက်ဇ်က အထက်ပါအတိုင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : Sky Sports

 

"နည်းစနစ်၊ နည်းဗျူဟာ တူညီမှု ရှိတဲ့ ပွဲတစ်ပွဲပါ၊ နှစ်သင်းစလုံးရဲ့ကြားမှာ ဘယ်လိုလျှို့ဝှက်ချက်မှ မရှီပါဘူး၊ သူတို့ဟာ (၉)ဂိုးအထိ သွင်းယူနိုင်ထားပြီး အန္တရာယ်ရှိစေတဲ့ ဘောလုံးပေးမှုတွေနဲ့ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်၊ ဒါက ကျွန်တော်တို့ကို စိန်ခေါ်မယ့် အကောင်းဆုံး  စမ်းသပ်ချက်တစ်ခု ဖြစ်ပါတယ်"

play
Photo : Sky Sports

 

မာတီနက်ဇ်ကတော့ ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၇)ပွဲမြောက်မှာ (၆)ပွဲမြောက် နိုင်ပွဲကို ရယူလိုနေပြီး အင်္ဂလန်အသင်းကို အနိုင်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုပွဲစဉ် (၃)ပွဲလုံးကို အနိုင်ကစားခဲ့သလို (၁၆)သင်းအဆင့်၊ ကွာတားဖိုင်နယ် တို့မှာလည်း အနိုင်ယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

play
Photo : Sky Sports

 

"ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ သင်ယူစရာတွေ လိုအပ်နေတယ်လို့ သိရှိခဲ့ရပါတယ်၊ ဒါက နောက်နေ့ကစားမယ့်ပွဲ (အင်္ဂလန်နဲ့ပွဲကိုရည်ညွှန်း) အတွက် မရှိမဖြစ် အရေးပါပါတယ်၊ ဒီပြိုင်ပွဲမှာ အတွေ့အကြုံကောင်းတွေ အများကြီး ရခဲ့ပါတယ်၊ လူတိုင်းက ဘယ်လ်ဂျီယံကို နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ပြောဆိုနေကြပါတယ်၊ နောက်ဆုံးပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ တကယ်ကို ကျေနပ်စရာပါ"  လို့ မာတီနက်ဇ်က သူ့ရဲ့ခံစားချက်ကို ပြောဆိုသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD