AD
AD
AD

ကာတာနိုင်ငံရဲ့ အပူရှိန်မြင့်မားမှုကြောင့် ယခုလို ဆောင်းတွင်းရာသီဥတုဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာကြားကို ကျင်းပဖို့ ဆောင်ရွက်ရတာလို့ အကြမ်းဖျင်းသိထားရပါတယ်။

play
Photo - DNA India

 

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှတိုက်က ကာတာနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပြီး ပုံမှန်ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအချိန်ထက် များစွာ နောက်ကျပြီးမှ ကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၄ ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ယခင် ကမ္ဘာ့ဖလားပြိုင်ပွဲတွေကိုလည်း ယခုလို မုတ်သုံ ရာသီမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play
Photo - Twitter

 

ဒါပေမယ့်လည်း ယခု ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ဆောင်းရာသီတွင်း ကာလတစ်ခုဖြစ်တဲ့ နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၁၈ အထိ နောက်ဆုတ်ကျင်းပသွားမယ်လို့ ကာတာနိုင်ငံက အတည်ပြုလိုက်ပါတယ်။

ဒါကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဥရောပ ကလပ်အသင်းတွေရဲ့ ကိုယ်စီ ပြည်တွင်းလိဂ်ပွဲစဉ် ရာသီချိန်နဲ့ တိုက်ဆိုင်နေခဲ့တာ ဖြစ်ပြီး အဆို ပါ ပြည်တွင်းလိဂ်ပွဲစဉ်တွေကို ပြောင်းလဲပြင်ဆင်သွားရတော့မှာ ဖြစ်ပါတယ်။

play
Photo - Mediamax Sport

 

ဒီလို ကာတာမှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာကြား ကျင်းပသွားမယ်ဆိုတာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖြစ်တဲ့ အင်ဖန်တီနိုက အတည်ပြု ပြော ကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။

" ကလပ်အသင်းပွဲစဉ်တွေကို ပြန်လည်စိစစ် ဆောင်ရွက်သွားဖို့ လိုပါပြီ။ကစားသမားတွေလည်း ဇူလိုင်လထက်ပိုပြီး ပြင်ဆင်ထားဖို့ လိုအပ်နေပါ ပြီ။အကြောင်းကတော့ ရာသီအစ ဖြစ်ဖို့ များနေလို့ပါပဲ။" လို့ အင်ဖန်တီနိုက ပြောသွားခဲ့ပါတယ်။

နောက်ထပ် ဆက်လက်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အမေရိကန်၊မက္ကဆီကိုနဲ့ ကနေဒါနိုင်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပ သွားမှာ ဖြစ်ပြီး မူလ ပြိုင်ပွဲဝင် ၃၂ နိုင်ငံကနေ ၄၈ နိုင်အထိ တိုးမြှင့်သွားတော့မှာလို့လည်းသိထားရပါတယ်။

လာမယ့် ၂၀၂၂ ကာတာပြိုင်ပွဲမှာကတည်းက မူလ ၃၂ သင်းပုံစံကို ပြောင်းလဲကျင်းပနိုင်ဖို့ ရှိမရှိကိုမူ ကာတာ ဘောလုံးအဖွဲ့အစည်း တာဝန် ရှိ သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD