AD
AD
AD

၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဇူလိုင် ၁၅ရက်ညမှာအောင်မြင်စွာနဲ့ပြီးဆုံးခဲ့ပါပြီ။ ပွဲပြီးမီးသေပြိုင်ပွဲမျိုး မဟုတ်လို့ ဘောလုံးဝါသနာအိုးတွေအနေနဲ့ အမြဲတသသပြောစရာတွေကို ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကချန်ထားရစ်ခဲ့ပါတယ်။ ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ချန်ထားရစ်ခဲ့တဲ့ ခြေရာ၊လက်ရာတွေကတော့………။

play

(၁) အလိမ်ဆုံးကစားသမား

ဘယ်လ်ဂျီယံကစားသမား အီဒင်ဟာဇက်ကတော့ ဒီကမ္ဘာ့ဖလားမှာ အလိမ်နိုင်ဆုံးကစားသမားစာရင်းထဲကို ဝင်နိုင်ခဲ့ပါတယ်။ ဟာဇက်လိမ်တယ်ဆိုတာ ဘောလုံးအလိမ်အလှည့်နဲ့ နောက်ခံလူတွေကို တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်းကိုပြောတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပြိုင်ဘက်တွေကိုတစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်းအရှိဆုံးကစားသမားက အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟောင်း မာရာဒိုနာပါ။ ၁၉၈၆ကမ္ဘာ့ဖလားမှာ မာရာဒိုနာက ပြိုင်ဘက်ကစားသမားတွေကို တစ်ဦးချင်းကျော်ဖြတ်နိုင်မှု ၅၃ကြိမ်၊၁၉၇၀ကမ္ဘာ့ဖလားမှာ ဂျာဇင်ဟိုက ၄၇ကြိမ်၊ ၂၀၁၄ကမ္ဘာ့ဖလားမှာ မက်ဆီက ၄၆ကြိမ်၊ ၂၀၁၈ကမ္ဘာ့ဖလားမှာတော့ ဟာဇက်က အကြိမ် ၄၀ နဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။

play

(၂) မိုနာကိုဂိုးသမားတွေရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကျိန်စာ

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းက ဂိုးသမားတွေဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ ကံဆိုးတတ်တဲ့ ကျိန်စာဆိုးမိနေပါတယ်။ ဒီကျိန်စာကို ၂၀၁၈ကမ္ဘာ့ဖလားမှာလည်း မချေဖျက်နိုင်ခဲ့ပါဘူး။ မိုနာကို ဂိုးသမား ဆူဘာဆစ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သွင်းဂိုးလေးဂိုးအထိခွင့်ပြုခဲ့ရပြီး ချန်ပီယံဆုဖလားနဲ့ဝေးကွာခဲ့ရပါတယ်။

၂၀၀၆ကမ္ဘာ့ဖလားကနေ ၂၀၁၈ ကမ္ဘာ့ဖလားအထိ မိုနာကိုဂိုးသမားတွေဟာ ကမ္ဘာ့ဖလားလေးကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့် အားလုံးရှုံးနိမ့်ခဲ့ရတာပါ။ ၂၀၀၆ဗိုလ်လုပွဲမှာ ပြင်သစ်ဂိုးသမား ဘားသက်ဇ်၊ ၂၀၁၀ဗိုလ်လုပွဲမှာ နယ်သာလန်ဂိုးသမား စတိဗ်ကယ်လန်ဘတ်၊ ၂၀၁၄ဗိုလ်လုပွဲမှာ အာဂျင်တီးနားဂိုးသမား ရိုမီယို၊ ၂၀၁၈ဗိုလ်လုပွဲမှာ ခရိုအေးရှားဂိုးသမား ဆူဘာဆစ်တို့အားလုံးဟာ မိုနာကိုဂိုးသမားတွေဖြစ်ပြီး အားလုံးအရှုံးသမားဖြစ်ခဲ့ရပါတယ်။

play

(၃) ကိုယ့်ဂိုးကိုပြန်သွင်းသူများရဲ့ကမ္ဘာ့ဖလား

ဒီနှစ်ကမ္ဘာ့ဖလားက ကိုယ့်ဂိုးကိုပြန်သွင်းသူတွေစုနေတဲ့ကမ္ဘာ့ဖလားလို့တောင်ဆိုရမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုပြန်သွင်းယူမှုအများဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့လို့ပါ။

၁၉၅၄ကမ္ဘာ့ဖလားမှာလေးဂိုး၊ ၂၀၀၆ကမ္ဘာ့ဖလားမှာ လေးဂိုး၊ ၂၀၁၄ကမ္ဘာ့ဖလားမှာ ငါးဂိုး၊ ၁၉၉၈ကမ္ဘာ့ဖလားမှာ ခြောက်ဂိုး၊ အထိပဲ ကိုယ့်ဂိုးကိုသွင်းယူမှုရှိခဲ့ပေမယ့် ၂၀၁၈ကမ္ဘာ့ဖလားမှာတော့ ကိုယ့်ဂိုးကိုပြန်သွင်းယူမှုက ၁၂ဂိုးအထိရှိခဲ့ပါတယ်။ ဒါ့အပြင် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ကလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းတစ်လျှောက် ပထမဆုံး ကိုယ့်ဂိုးကိုပြန်သွင်းယူတဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်။

play

(၄) ဗိုလ်လုပွဲရဲ့အငယ်ဆုံးသွင်းဂိုးရှင်

၂၀၁၈ကမ္ဘာ့ဖလားမှာ နောက်ထပ်ပေါ်ထွက်ခဲ့တဲ့ စံချိန်ရှင်ကတော့ အသက်အငယ်ဆုံးသွင်းဂိုးရှင်ပါ။ သူကတော့ ပြင်သစ်တိုက်စစ်မှူး ဘတ်ပီပါ။

ဘတ်ပီဟာ ၁၉၅၈ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံးသွင်းဂိုးရှင် ပီလီ(၁၇နှစ်)ပြီးရင် တတိယမြောက်အသက်အငယ်ဆုံးဗိုလ်လုပွဲသွင်းဂိုးရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးလေးဦးမြောက်သွင်းဂိုးရှင်လည်းဖြစ်ခဲ့တာပါ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာအသက်အငယ်ဆုံးသွင်းဂိုးရှင်တွေကတော့ ၁၉၅၀ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဥရုဂွေးကစားသမား ရူဘင်မိုရန်(၁၉နှစ်)၊ ၁၉၅၈ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးကစားသမား ပီလီ(၁၇နှစ်)၊ ၁၉၈၂ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အီတလီကစားသမား ဂူဆက်စပီ ဘာဂိုမီ(၁၈နှစ်)၊ ၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘက်ပီတို့ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD