AD
AD
AD

ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ အာဂျင်တီးနားနဲ့ ကစားရမယ့် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မတိုင်ခင်မှာ အသင်းသားတွေကို သူ ပြောကြားခဲ့တဲ့ ပြောစကားတွေကို ပြန်လည်ထုတ်ဖော် ပြောဆိုမှု ပြုလုပ်လိုက်ပါတယ်။ ပေါ့ဂ်ဘာက မက်ဆီဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ချေမှုန်းပစ်မယ်လို့ အသင်းသားတွေကို အားပေးစကား ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : Metro

 

ပြင်သစ်က အာဂျင်တီးနားကို (၄-၃) နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး အဆိုပါပွဲမကစားမီမှာ အ၀တ်လဲခန်းအတွင်း ပေါ့ဂ်ဘာက အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ TF1 လို့ အမည်ရ ပြင်သစ်ရုပ်သံလိုင်း တစ်ခုနဲ့ တွေ့ဆုံမှုမှာ ပေါ့ဂ်ဘာက ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

play
Photo : FIFA

 

"ကွင်းအတွင်းမှာ မင်းတို့ကို စစ်သည်တော်တွေအဖြစ် ငါ မြင်ချင်တယ်၊ ငါ အိမ်ကိုမပြန်ချင်သေးဘူး၊ ပျော်ရွှင်မှုနဲ့ အဆုံးသတ်ချင်ပြီး ဒီညမှာ ပါတီလုပ်ဖို့ စဉ်းစားထားတယ်နော်၊ ကွင်းအတွင်းမှာ ငါတို့အားလုံး အသေအကျေတိုက်ပွဲဝင်ကြမယ်၊ ငါ မင်းတို့ကို ယောက်ျားတွေ အဖြစ်၊ စစ်သည်တော်တွေအဖြစ်၊ စစ်သားတွေအဖြစ် မြင်ချင်တယ်"

play
Photo : Metro

 

"ဒီနေ့မှာ သူတို့ကို ငါတို့ အလဲထိုးချေမှုန်းပစ်ကြမယ်၊ မက်ဆီဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ကမ္ဘာ့ဖလားကို အရယူဖို့ ငါတို့ ဒီကို အရောက်လာခဲ့ကြတာ" လို့ အသင်းဖော်တွေကို အားပေးစကားပြောကြားခဲ့ကြောင်း ပေါ့ဂ်ဘာက ပြန်ပြောင်း ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ အာဂျင်တီးနားကို အနိုင်ယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

play
Photo : FIFA

 

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော မန်ချက်စတာယူနိုက်တက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

play
Photo : News Live Updates

 

ဥရုဂွေးနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မာတွီဒီဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပဲ လွဲချော်ခဲ့ရပါတယ်။ မာတွီဒီ လွဲချော်ခဲ့မှုနဲ့ ပတ်သက်ပြီးလည်း ပေါ့ဂ်ဘာက အသင်းဖော်တွေကို တိုက်တွန်းမှုတွေ ထပ်မံပြုလုပ်ခဲ့ပြီး အသင်းဖော်အတွက် အကောင်းဆုံး တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ပေါ့ဂ်ဘာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD