AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ဆုကြေးငွေ စုစုပေါင်းပေါင် ၂၁ သန်း ရရှိခဲ့ပြီး ယင်းဆုကြေးငွေအားလုံးကို ချို့တဲ့နွမ်းပါးတဲ့ ခရိုအေးရှားကလေးငယ်တွေအတွက် ရံပုံငွေအဖြစ် ပြန်လည်လှူဒါန်းသွားမယ့်အကြောင်း နည်းပြ ဒါလစ်က ပြောကြားခဲ့ပါတယ်။

play
Photos: The Bobr Times

 

ခရိုအေးရှားအသင်းရဲ့နည်းပြဒါလစ်က အစိုးရနဲ့ နိုင်ငံရေးသမားတွေကို စာရေးသားပေးပို့ခဲ့ပြီး ယင်းစာထဲမှာ ခရိုအေးရှားနိုင်ငံဟာ ဥရောပနိုင်ငံထဲမှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနဲ့ အလုပ်လက်မဲ့များပြားလာမှုကြောင့် ခရိုအေးရှားကလေးငယ်တွေဟာ ပညာရေး၊ ကျန်းမာရေး ရပိုင်ခွင့်တွေ ဆုံးရှုံးနေရကြောင်း ရေးသားထားပါတယ်။

"ကျွန်တော် ဒီစာကို ရေးရတဲ့အကြောင်းကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ခက်ခဲတဲ့အခြေအနေကြောင့်ပါ။ ခရိုအေးရှားဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့သူတွေများပြားပြီး ဥရောပနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံပါ။ နှစ်ပေါင်း ၂၀ အတွင်းမှာ ခရိုအေးရှားနိုင်ငံက လူသန်းပေါင်းများစွာဟာ အခြားနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။ အခု ကျွန်တော်တို့ တာဝန်ရှိသူတွေဟာ နိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို မထောက်ပံ့ပေးနိုင်ပါဘူး။ လူငယ်တွေကလည်း ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ငွေကြေးမတတ်နိုင်ကြဘဲ နိုင်ငံရေးပါတီတွေရဲ့တစ်စစီပြိုကွဲမှုနဲ့ မြို့ကြီးတွေမှာ အကျင့်ပျက်တရားစီရင်ရေးစနစ်က အကာအကွယ်ရရှိနေပါတယ်"

play
Photos: Reuters

 

"ကျွန်တော့်အနေနဲ့ ခရိုအေးရှားပြည်သူတွေကို စိတ်ပျက်အားငယ်မှု၊ ဆင်းရဲနွမ်းပါးမှုတွေဖြစ်စေတဲ့ နိုင်ငံရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ခရိုအေးရှားကနေ ထွက်သွားဖို့ တောင်းဆိုချင်ပါတယ်။ ခင်ဗျားတို့ကို ဘယ်သူကမှ အဝတ်လဲခန်းထဲမှာ မကြိုဆိုကြဘူး။ ခင်ဗျားတို့ ဓာတ်ပုံရိုက်ပြီး လုပ်ငန်းတွေ လုပ်ကိုင်မှာကိုလည်း မလိုချင်ဘူး။ ခင်ဗျားတို့က ခရိုအေးရှားပြည်သူတွေကို ဥရောပရဲ့အဆင်းရဲဆုံးပြည်သူတွေဖြစ်အောင် လုပ်ခဲ့တယ်။ ခရိုအေးရှားနိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်းမိုင်ထောင်ပေါင်းများစွာရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါလျက်နဲ့ ကျွန်တော်တို့နိုင်ငံမှာ ပင်လယ်တောင် မမြင်ဖူးတဲ့ ကလေးငယ်တွေရှိနေပါတယ်။ ကလေးငယ်တွေဟာ မိဘတွေ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် ဗိုက်ဆာဆာနဲ့ အိပ်ရာဝင်ကြရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို အဲဒီလိုမျိုးဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို ကျွန်တော်တို့ မကြိုဆိုနိုင်ပါဘူး။ ကျွန်တော်တို့ ခရိုအေးရှားဘောလုံးအသင်းရဲ့ဂျာစီကို မဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကို ကျေးဇူးပြုပြီး လေးစားပေးပါ။ ခင်ဗျားတို့ရဲ့ ကြော်ငြာအတွက် ကျွန်တော်တို့ အောင်မြင်မှုကို အသုံးမပြုပါနဲ့။ ခရိုအေးရှားတစ်သင်းလုံးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဆုကြေးငွေတွေအားလုံး ခရိုအေးရှားကလေးငယ်တွေအတွက် လှူဒါန်းသွားမှာပါ။ ဖောင်ဒေးရှင်းအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးငယ်တွေကို ထောက်ပံ့ပေးသွားမှာပါ။ အနည်းဆုံးတော့ ကျွန်တော်တို့ အဲဒီလို လုပ်ပေးနိုင်ပါတယ်"လို့ စာထဲမှာ ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD