AD
AD
AD

ဘရာဇီးလ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးနေမာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက ၎င်းရဲ့ဒဏ်ရာရရှိတဲ့ပုံစံကို ရယ်စရာလုပ်နေကြတဲ့သူတွေကို စိတ်ဆိုးခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး မိမိကိုယ်တိုင်လည်း လူမှုကွန်ရက်မှာ ယင်းဗီဒီယိုကို မျှဝေပြီး ရယ်မောမိကြောင်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဖော်ဘတ်ပီကိုလည်း ဂုဏ်ပြုစကားပြောကြားခဲ့တယ်လို့ နေမာက ပြောပါတယ်။

play

နေမာဟာ ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ပြီး ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီးနောက် ကြာသပတေးနေ့က နေမာဂျူနီယာအဖွဲ့အစည်းက ပြုလုပ်တဲ့ လေလံပွဲမှာ ပထမဆုံး လူမြင်ကွင်းကို ထွက်လာခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့အစောပိုင်းတုန်းကလည်း နေမာက အင်စတာဂရမ်အကောင့်မှာ ကမ္ဘာ့ဖလားတုန်းက ပြစ်ဒဏ်ကျူးလွန်ခံရချိန်တုန်းက အလွန်အကျူးလုပ်ပြခဲ့တဲ့ပုံစံကို လူအများစုက ဟာသဖောက်နေကြတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

"ကျွန်တော် ဟာသလုပ်နေတာပါ။ အားလုံးက အဲဒီကိစ္စကို လူအများကြီးနဲ့ဝိုင်းပြီး သရုပ်ဖော်နေကြတာကြောင့် ကျွန်တော် ဟာသအဖြစ်ပဲ မြင်ပါတယ်။ ကျွန်တော် စိတ်မဆိုးပါဘူး"

play

 

ယင်းဗီဒီယိုအတိုလေးထဲမှာ နေမာဟာ ကလေးတွေကြားမှာ ရပ်နေပြီး နေမာ လက်မှတ်ထိုးပေးလိုက်တဲ့ကလေးငယ်ဟာ လဲကျသွားပြီး နေမာဒဏ်ရာရတဲ့အတိုင်း လုပ်ပြခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် ကလေးတွေနဲ့ ရှိနေတဲ့ အဲဒီအချိန်ခဏလေးမှာပဲ အဲဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ"

play

 

ပရိသတ်တွေ၊ ကစားသမားတွေနဲ့ ကြယ်ပွင့်ကစားသမားဟောင်းတွေက ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းက ဆားဘီးယားအသင်းနဲ့ပွဲစဉ်တုန်းက ပြိုင်ဘက်ကစားသမားရဲ့ဖျက်ထုတ်မှုကို တစ်ပတ်ပြီးတစ်ပတ် မြေပေါ်မှာ လူးလှိမ့်နေတဲ့ကိစ္စအပြင် အခြားပွဲစဉ်တွေမှာလည်း အလွန်အကျွံသရုပ်ဆောင်ခဲ့တဲ့ နေမာကို ဝေဖန်ခဲ့ကြပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာက ပြိုင်ဘက်ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေကနေ ကွင်းလယ်ဒိုင်ဆီက အကာအကွယ်ပိုမိုရရှိလိုခဲ့တာဖြစ်ပြီး ၎င်းရဲ့တုံ့ပြန်ပုံက အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရမှုနဲ့ပတ်သက်ပြီး နေမာက ဝမ်းနည်းစရာတွေက ပြီးဆုံးသွားခဲ့ပါပြီလို့ ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော်တို့အနေနဲ့ ပျော်ရွှင်စရာကိုပဲ ရွေးချယ်ရပါမယ်။ ကျွန်တော်တို့မှာ ဝမ်းနည်းစရာအကြောင်းအရင်းတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပျော်ရွှင်စရာကိုပဲ ရွေးချယ်ပါတယ်"

အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းဖော် ဘတ်ပီကိုလည်း နေမာက ဂုဏ်ပြုချီးကျူးစကားပြောကြားခဲ့ပါတယ်။

"သူက အရမ်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါ။ အဲဒါကို သူနဲ့ နေ့တိုင်းတွေ့နေကတည်းက သိခဲ့တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ အကောင်းဆုံးကစားနိုင်ခဲ့တာ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော် ဘတ်ပီနဲ့ နေ့တိုင်းနီးပါး စကားပြောဖြစ်ပါတယ်။ ကမ္ဘာ့ဖလားရတဲ့အတွက် သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။ သူ ကလပ်အသင်းကို ပြန်လာတဲ့အချိန်မှာ ကမ္ဘာ့ချန်ပီယံအဖြစ်နဲ့ ကြိုဆိုရမှာ အရမ်းကောင်းမွန်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD