AD
AD
AD

ပြင်သစ်အသင်းရဲ့တိုက်စစ်မှူး ဘတ်ပီက ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေကို ကွာတားဖိုင်နယ်ပွဲစဉ်တုန်းက ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာကြီးနဲ့ ကစားခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘတ်ပီက ယခုမှ ပြောကြားရတဲ့အကြောင်းအရင်းဟာ ပြိုင်ဘက်တွေအနေနဲ့ အခွင့်ကောင်းယူပြီး ဒဏ်ရာရရှိထားတဲ့နေရာကို ပစ်မှတ်ထားမှာစိုးတဲ့အတွက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြသပြီး ၄ ဂိုးသွင်းယူပေးခဲ့တဲ့ ဘတ်ပီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဘတ်ပီဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဘယ်လ်ဂျီယံအသင်းကို ပြင်သစ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မတိုင်မီ ၃ ရက်အလိုမှာ ကျောရိုးဆစ် ၃ ခုကို နေရာလဲလှယ်ခဲ့ရပြီး နောက်ကျောဒဏ်ရာရရှိနေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကို သတိပေးစရာမလိုဘူးထင်ပါတယ်။ မဟုတ်ရင် သူတို့က အခွင့်ကောင်းယူပြီး ကျွန်တော် ဒဏ်ရာရထားတဲ့နေရာကို ပစ်မှတ်ထားလာနိုင်တယ်"

"အဲဒါကြောင့် ကျွန်တော့်ဒဏ်ရာနဲ့ပတ်သက်ပြီး ဗိုလ်လုပွဲရောက်တာတောင်မှ အသင်းရဲ့ဝန်ထမ်းတွေနဲ့ ကစားသမားတွေက ဖုံးကွယ်ထားခဲ့တာပါ"

play
Photos: Sportskeeda

 

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဘတ်ပီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာ အတောက်ပဆုံးကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်က ပီလီရဲ့နောက်ပိုင်း ၂ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ခရိုအေးရှားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ဘတ်ပီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို ၎င်းအနေနဲ့ ရွှေဘောလုံးအတွက် ပီအက်စ်ဂျီအသင်းဖော်နေမာ၊ ခရစ်စတီယာနိုရော်နယ်ဒို၊ လူကာမိုဒရစ်နဲ့ ရီးရဲမက်ဒရစ်နောက်ခံကစားသမား ဗာရာနီတို့နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD