AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် အာဂျင်တီးနားအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ဦးဆောင်နေချိန်မှာ အာဂျင်တီးနားအသင်းရဲ့ပင်နယ်တီဧရိယာထိပ်ကနေ ပြင်သစ်အသင်းရဲ့နောက်ခံကစားသမား ပါဗက် အပြင်းကန်သွင်းယူခဲ့တဲ့သွင်းဂိုးကို ၂၀၁၈ ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးသွင်းဂိုးအဖြစ် ဖီဖာက ရွေးချယ်လိုက်ပါတယ်။

play

ပြင်သစ်အသင်းရဲ့နောက်ခံကစားသမား ပါဗက်ဟာ အံ့အားသင့်ဖွယ်ကန်ချက်နဲ့ အာဂျင်တီးနားအသင်းရဲ့ညာဖက်ဂိုးအပေါ်ထောင့်ကို ကန်သွင်းယူခဲ့တာဖြစ်ပြီး ယင်းဂိုးကို ဖီဖာရဲ့ဝက်ဘ်ဆိုက်မှာ ပရိသတ် ၃ သန်းက အကောင်းဆုံးဂိုးအဖြစ် မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ပါဗက်က ယင်းအချိန်တုန်းက ဘောလုံးကို အမှတ်မထင်ကန်ခဲ့မိတာဖြစ်ပြီး ဂိုးဝင်သွားလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။

"အဲဒီဂိုးအကြောင်းကို တွေးတောင်မတွေးမိပါဘူး။ ကျွန်တော် ဘောလုံးကို အရမ်းကြီး မြောက်တက်မသွားအောင်လို့ ခက်ခက်ခဲခဲကန်ဖို့ ကြိုးစားခဲ့တာပါ"

play

 

ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲမှာ ခရိုအေးရှားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်အဖြစ် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

"ဘောလုံးက ခုန်ပေါက်ပြီး ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ ကျွန်တော့်ကို တိုက်စစ်မှူးတွေ အမြဲတမ်းပြောလေ့ရှိတဲ့အတိုင်းပဲ ဘောလုံးလာရာလမ်းကြောင်းအတိုင်း ခြေထောက်ကိုထားပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်"

"ဘောလုံးက ဂိုးထဲဝင်သွားတဲ့အခါမှာတော့ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးသွင်းဂိုးတွေအတွက် ပရိသတ်တွေက မဲပေးရွေးချယ်ကြတာဖြစ်ပြီး ပြင်သစ်အသင်းရဲ့နောက်ခံကစားသမား ပါဗက်ရဲ့သွင်းဂိုးက ပထမနေရာကနေ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ဒုတိယအကောင်းဆုံးသွင်းဂိုးအနေနဲ့ ဂျပန်အသင်းနဲ့ပွဲစဉ်မှာ ကိုလံဘီယာအသင်းအတွက် အလွတ်တည်ကန်ဘောကနေတစ်ဆင့် ကန်သွင်းယူခဲ့တဲ့ ကွင်တယ်ရိုရဲ့သွင်းဂိုးကို ရွေးချယ်ခဲ့ကြပါတယ်။ တတိယအကောင်းဆုံးသွင်းဂိုးအဖြစ် အာဂျင်တီးနားအသင်းနဲ့ပွဲစဉ်မှာ အဝေးကန်ချက်နဲ့ လှလှပပကန်သွင်းယူခဲ့တဲ့ လူကာမိုဒရစ်ရဲ့သွင်းဂိုးကို ရွေးချယ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD