AD
AD
AD

ပေါ်တူဂီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ စပိန်အသင်းနဲ့ပွဲစဉ်တုန်းက အလွတ်တည်ကန်ဘောကို မကန်သွင်းမီ ဘောလုံးကို ဘာတွေပြောခဲ့လဲဆိုတာ အထူးပြုလုပ်ထားတဲ့ဗီဒီယိုနဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ထုတ်ဖော်ပြသခဲ့တယ်လို့ Daily Mail က ဖော်ပြထားပါတယ်။

play
Photos: 101greatgoals

 

ပြီးခဲ့တဲ့သောကြာနေ့က ပေါ်တူဂီအသင်းရဲ့ကြယ်ပွင့်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူပြီး စပိန်အသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေရလဒ်ထွက်ပေါ်အောင် အဓိက စွမ်းဆောင်ပေးခဲ့ပါတယ်။ ယခု ထုတ်ဖော်ပြသလိုက်တဲ့ဗီဒီယိုထဲမှာ ရော်နယ်ဒိုက သူ့ရဲ့ သိစိတ်နဲ့မသိစိတ်တို့ တိုက်ပွဲဖြစ်နေတဲ့အကြောင်းကို RonalDo နဲ့ RonalDon't ဆိုတဲ့ ဇာတ်ကောင် ၂ ခုအဖြစ် ဗီဒီယိုထဲမှာ နာမည်ပေးထားပါတယ်။

play
Photos: Daily Mail

ဗီဒီယိုရဲ့အစမှာ ရော်နယ်ဒိုက စပိန်အသင်းနဲ့ပွဲစဉ်တုန်းက အလွတ်တည်ကန်ဘောမကန်သွင်းမီ သူ့ရဲ့စိတ်ထဲမှာ ဘာတွေတွေးနေခဲ့လဲဆိုတာ ရှင်းပြတာနဲ့ စတင်ထားပါတယ်။

"ကျွန်တော့်ရဲ့မသိစိတ်က ဘောလုံးကို စကားပြောဖို့ ပြောခဲ့တယ်။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ။ ဘောလုံးလမ်းကြောင်းသာမှန်လိုက်ရင် ဂိုးပိုက်ထဲကို ကွက်တိပဲပေါ့"

"ခင်ဗျားအနေနဲ့ ကောင်းမွန်တဲ့အတွေးကို ခံစားရမယ်။ အမြဲတမ်းလည်း အကောင်းမြင်စိတ် ရှိရမယ်"

 

အထူးပြုလုပ်ထားတဲ့ဗီဒီယိုစတင်ချိန်မှာ RonalDo ဇာတ်ကောင်က ကိုယ့်ကိုယ်ကိုယ် စကားပြောနေပါတယ်။

RonalDo- နည်းနည်း ခပ်ငိုက်ငိုက်လေး အပေါ်ထောင့်ထဲကို ရှင်းရှင်းလေးပဲကန်လိုက်မယ်။

RonalDon't- အခု လူတိုင်းက မင်း ဘောလုံးကို စကားပြောနေတာကို ကြည့်နေကြတာနော်။ ဖိအားတွေ အရမ်းများနေပြီ။ မင်း လွဲမှာပဲ။

RonalDo- ငါတို့ လေ့ကျင့်ခဲ့သလိုပဲပေါ့။

RonalDon't- လေ့ကျင့်ထားတာနဲ့ မတူလောက်ဘူးနော်။ ငါအကြံပေးချင်တာကတော့ မျက်လုံးမှိတ်ပြီး မင်းကန်နိုင်သမျှ ခပ်ပြင်းပြင်းသာကန်ထည့်လိုက်။

RonalDo- ကောင်းပြီ ဘောလုံးရေ။ အခု အချိန်ကျပြီ။

RonalDon't- ငါ အကြံရပြီ။ တစ်ယောက်ယောက်ကို ဒီ အလွတ်တည်ကန်ဘောကို ကန်ခိုင်းလိုက်ရင် ကောင်းမလား။

play
Photos: Daily Mail

play
Photos: Daily Mail

 

ဗီဒီယိုထဲမှာ နတ်ကောင်းနဲ့ နတ်ဆိုးလို့ တင်စားကြတဲ့ စိတ်ကောင်းနဲ့ မကောင်းတဲ့စိတ်က ရော်နယ်ဒိုရဲ့စိတ်ကို အပြိုင်အဆိုင်လွှမ်းမိုးဖို့ ကြိုးစားနေပုံကို ပြသထားပါတယ်။ နောက်ဆုံးမှာတော့ ဘောလုံးကို ကန်သွင်းခဲ့ပြီး ရော်နယ်ဒိုဟာ မသိစိတ်နဲ့တိုက်ပွဲကို အနိုင်ရခဲ့တာကို ပုံဖော်ထားပါတယ်။ ရော်နယ်ဒိုဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ စပိန်အသင်းနဲ့ အဖွင့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အကောင်းဆုံးပုံစံနဲ့ ဦးဆောင်ကစားနိုင်ကြောင်း ပြသနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD