AD
AD
AD

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မပြီးဆုံးမီ မိုဟာမက်ဆာလာ ပြန်လည်ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့တယ်လို့ Skysports က ရေးသားထားပါတယ်။

play
Photos: Fotmob

 

မိုဟာမက်ဆာလာဟာ အီဂျစ်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပေမယ့် စောစီးစွာ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဟာနီအဘိုရီဒါရဲ့ ပြောကြားချက်အရ သိရပါတယ်။ အီဂျစ်အသင်းဟာ အုပ်စု A အဖွင့်ပွဲစဉ်မှာ ဥရုဂွေးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် ၂ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရုရှားအသင်းနဲ့ပွဲစဉ်မှာလည်း ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို မတက်ရောက်နိုင်တော့တာဖြစ်ပါတယ်။

play
Photos: Fotmob

 

အီဂျစ်အသင်းဟာ ၁၉၉၀ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်ကို အောင်မြင်ခဲ့တာဖြစ်ပြီး လီဗာပူးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာက အဓိကစွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ မိုဟာမက်ဆာလာဟာ မေလကုန်က ရီးရဲမက်ဒရစ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ပုခုံးဒဏ်ရာရရှိခဲ့တာကြောင့် ဥရုဂွေးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

play
Photos: Fotmob

 

အီဂျစ် FA ဥက္ကဌ အဘိုရီဒါက မိုဟာမက်ဆာလာဟာ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆော်ဒီအာရေဗျအသင်းနဲ့ပွဲစဉ်မတိုင်မီ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် လီဗာပူးအကြောင်းကိုတော့ မသိပါဘူး"

"ဒါပေမယ့် ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင် မိုဟာမက်ဆာလာကတော့ ရှိနေမှာပါ။ ဖီဖာရဲ့စည်းမျဉ်းတွေအရ သူ့အနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးစခန်းအတွင်းမှာ အသင်းနဲ့အတူ ရှိနေဖို့လိုပါတယ်"

"အသင်းဖော်တွေနဲ့အတူ ရောနှောပြီး နေရတာ သူပျော်ရွှင်နေပါတယ်။ မီဒီယာတွေက ရေးတဲ့သူ့အကြောင်းတွေကို ဖတ်ပြီး သူတော်တော်အံ့အားသင့်သွားပါတယ်။ အဲဒါတွေအားလုံးကိုလည်း လူမှုကွန်ရက်တွေမှာ ငြင်းပယ်ထားပါတယ်"

"မီဒီယာတွေ ရေးသားထုတ်ဝေနေတဲ့သတင်းတွေကြောင့် ကျွန်တော်တို့အားလုံး စိတ်ရှုပ်ရပါတယ်။ အဲဒီသတင်းတွေက ဘယ်ကနေ လာသလဲ မသိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD