AD
AD
AD

ကမ္ဘာ့အကောင်းဆုံးကစားသမား ဘယ်သူလဲဆိုတော့ အငြင်းပွားဟာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ရဲ့ ခေတ်မှာ ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ဖက်ကစားသမား ပရိသတ်တွေ အသီးသီးဟာ ကိုယ့်ရဲ့ ထင်မြင်ချက်အသီးသီးကို ပေးခဲ့ကြပြီး ကစားသမားနှစ်ဦးအတွက် ပြိုင်ဆိုင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အခုတစ်ခါ နောက်ဆုံးအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကမ္ဘာ့အကောင်းဆုံးကစားသမား ဘယ်သူလဲဆိုတာကို အဖြေထုတ်ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။

play
မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း

 

ရွိုင်ကိန်းက သူနဲ့ အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုကို ရွေးချယ်ခဲ့ပါတယ်။ မော်ရိုကိုအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့ စီရော်နယ်ဒိုက မက်ဆီက သာလွန်တဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားပြီလို့ ရွိုင်ကိန်းက အဆိုပြုခဲ့ပြီး သူ့ရဲ့ရွေးချယ်မှုအတွက် အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။

play
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို

 

ရွိုင်ကိန်းက စီရော်နယ်ဒိုဟာ အခြားသော အဆင့်တစ်ခုကို ရောက်ရှိသွားပြီလို့ ယုံကြည်နေခဲ့ပြီး သူ့အသက်အရွယ်အရ ဆက်ပြီး တိုးတက်မှုတွေ ရှိလာဦးမယ်လို့ ယူဆခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပြီလို့လည်း ရွိုင်ကိန်းက ပြောဆိုသွားခဲ့ပါတယ်။

play
စီရော်နယ်ဒို နဲ့ မက်ဆီ

 

"စီရော်နယ်ဒိုနဲ့မက်ဆီကြားက တိုက်ပွဲက တော်တော်လေးကြီးကျယ်ပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်လလောက်က ခြေစွမ်းအရဆိုရင် စီရော်နယ်ဒိုက အဆင့်တစ်ခုကို ထပ်ရောက်သွားခဲ့ပါပြီ၊ သူက သူ့ရဲ့ ပင်ကိုယ်ပုံစံနဲ့ တက်လှမ်းသွားခဲ့တာပါ၊ သူ့မှာ သဘာဝကပေးအပ်ထားတဲ့ စွမ်းရည်တွေမရှိဘူး၊ သူ့ရဲ့ ကြိုးစားမှုကြောင့် ဒီအဆင့်ကို ရောက်ရှိခဲ့တာပါ၊ သူ့မှာ ရဲရင့်မှုတွေ အများကြီးရှိပါတယ်၊ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာပဲ သူဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီး မက်ဆီရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်"

play
အီရန်ရိုက်

 

ရွိုင်ကိန်းရဲ့ ပြောဆိုမှုကို အခြားသော ဂန္ထ၀င်ကစားသမားကြီးတစ်ဦးဖြစ်တဲ့ အီရန်ရိုက်ကလည်း ထောက်ခံသွားခဲ့ပါတယ်။ "ရော်နယ်ဒိုက မတူကွဲပြားတဲ့ လိဂ်တွေမှာ ကစားပြခဲ့ပြီးပါပြီ၊ ပေါ်တူဂီကို စွန့်ခွာပြီး ယူနိက်တက်ကို သူရောက်လာတုန်းကဆို ပေါ်တူဂီကို ပြန်သွားရမှာကွာ ဆိုတဲ့ ပြောဆိုမှုတွေကို ကျွန်တော်သတိရမိသေးတယ်၊ ဒါပေမယ့် အခုဆိုရင် သူက အားလုံးရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပြီး ကျွန်တော့်အတွက်တော့ သူက ဆွဲဆောင်မှုအရှိဆုံးပါပဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုလည်း သူဟာ ဖိအားတွေအောက်မှာ သူ့ရဲ့စွမ်းဆောင်ရည်နဲ့မဟုတ်ပဲ ကြိုးစားအားထုတ်မှုနဲ့ တွန်းလှန်ပြနိုင်ခဲ့ပါတယ်" လို့ အီရန်ရိုက်က ထောက်ခံပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD