AD
AD
AD

ယနေ့နံနက်မှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲစဉ်အဖြစ် အီတလီနဲ့ နယ်သာလန်၊ မော်ရိုကိုနဲ့ဆလိုဗက်ကီးယား၊ ဆားဘီးယားနဲ့ ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

 

အီတလီ Vs နယ်သာလန်

play

 

ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိကြပါဘူး။ ဒုတိယပိုင်းမှာ အီတလီအသင်းက လူစားလဲလှယ်မှုဆက်တိုက်ပြုလုပ်ခဲ့ပြီး ၆၇ မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့တဲ့ ဆီမြွန်နီဇာဇာက အီတလီအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၆၉ မိနစ်မှာ နယ်သာလန်တိုက်စစ်မှူး မန်းဖစ်ဒီပိုင်းကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ ခရစ်စီတိုကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့ပါတယ်။

play

နယ်သာလန်အသင်းဟာ တစ်ယောက်လျော့သွားတဲ့ အီတလီအသင်းကို နောက်ဆုံးမိနစ်အထိ ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး ၈၈ မိနစ်မှာ ဘာဂူအစ်စ်ရဲ့ပေးပို့မှုကနေတစ်ဆင့် နေသန်အကီက နယ်သာလန်အသင်းအတွက် ပထမဆုံးသွင်းယူပေးခဲ့တဲ့ နိုင်ငံတကာသွင်းဂိုးလည်းဖြစ်တဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

 

ဆားဘီးယား ၀-၁ ချီလီ

play

 

ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆားဘီးယားနဲ့ ချီလီအသင်းတို့ရဲ့ပွဲစဉ်မှာ ချီလီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချီလီအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ဒုတိယပိုင်းပြီးဆုံးခါနီး ၈၈ မိနစ်မှာ ဂွီလာမိုမာရီပန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

မော်ရိုကို ၂-၁ ဆလိုဗက်ကီယား

play

 

ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မော်ရိုကိုနဲ့ ဆလိုဗက်ကီးယားအသင်းတို့ရဲ့ပွဲစဉ်မှာ မော်ရိုကိုအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာ အပြန်အလှန်သွင်းယူခဲ့ကြတာဖြစ်ပြီး ၅၉ မိနစ်မှာ ဂရီဂတ်စ်ရဲ့သွင်းဂိုးနဲ့ ဆလိုဗက်ကီးယားအသင်းက အဖွင့်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။ ၆၄ မိနစ်နဲ့ ၇၄ မိနစ်တို့မှာ သွင်းယူခဲ့တဲ့ ခါဘီ၊ ဘယ်ဟန်ဒါတို့ရဲ့သွင်းဂိုးတွေနဲ့ မော်ရိုကိုအသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Photos:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD