AD
AD
AD

တူနီးရှားအသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီ ပြစ်ဒဏ်ဘောပေးခဲ့ရမှုအပေါ် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အင်္ဂလန်အသင်းဟာ ဟယ်ရီကိန်းရဲ့ ဦးဆောင်ဂိုးကြောင့် ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန် ပွဲချိန် ၃၅ မိနစ်မှာ ပင်နယ် တီပြစ်ဒဏ်ဘော ပြန်လည်ပေးခဲ့ရပြီး ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ဒုတိယပိုင်း ၉၁ မိနစ်အရောက်မှာတော့ ဟယ်ရီကိန်းက အင်္ဂလန်အသင်းအတွက် အဖိုးတန် အနိုင် ၃မှတ်တန် သွင်းဂိုး သွင်းယူပေးခဲ့တာကြောင့်လည်း အင်္ဂလန်အသင်း အဖွင့်လှခဲ့ရတာ ဖြစ်ပါတယ်။

play

 

ပြစ်ဒဏ်ဘောတွေနဲ့ သွင်းဂိုးတွေကို ယခု ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံမှတ်တမ်း ပြန် လည်ကြည့်ရှု စစ်ဆေးတဲ့စနစ်(VAR)နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ကွင်းလယ်ဒိုင်တွေအနေနဲ့ တစ်စုံတစ်ရာ မရှင်းလင်းပါက အဆိုပါ ရုပ်သံ ဗီဒီယိုကို ကွင်းအတွင်း ချက်ခြင်း ပြန်ကြည့်ကာ ဆုံးဖြတ်ပေးရတာလည်း ဖြစ် ပါတယ်။

play

 

အဆိုပါ ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်အပေါ် နားမလည်နိုင်အောင်ရှိခဲ့ပြီး ၎င်းတို့ ပင်နယ်တီပေးဖို့ ဘယ်လို ဆုံးဖြတ်လဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။” လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

ဆက်လက်ပြီး -“ ပင်နယ်တီအဆုံးအဖြတ်ကို VAR စနစ်နဲ့ ဆုံးဖြတ်တယ်ဆိုရင် တစ်ဖက်ကို ပင်နယ်တီ ပြစ်ဒဏ် ဘောပေးပြီးရင် အခြားတစ်ဖက်ကိုလည်း ပြန်ပေးရမယ့်အခြေအနေမှာ တူညီတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးသင့်တယ်လို့ ထင်ပါတယ်။သေချာပါတယ်။VAR စနစ်က မရှင်းမလင်းနဲ့ သိသိသာသာကို လွဲမှားနေ ပါတယ်။” လို့ ဆောက်ဂိတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဟယ်ရီကိန်းကို တွန်းလှဲခဲ့မှုကြောင့်ပင်နယ်တီပြစ်ဒဏ်ဘော ပြန်ရမယ့် အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင် ဝေလ်မာရွန်ဒန်ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် မှာ ဘယ်လ်ဂျီယံအသင်းကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ ပနားမားအသင်းနဲ့ ဆက်လက်ကစားရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD