AD
AD
AD

စပိန်နဲ့ အီရန်တို့ရဲ့ အုပ်စု(ခ) ပွဲစဉ်ကတော့ အင်မတန် စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး စပိန်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ကစားဟန်နဲ့ အီရန်ရဲ့ လျင် မြန်ဖျက်လတ်မှုတို့ အားပြိုင်ခဲ့ကြတယ်လို့ ခေါ်ရမှာပင် ဖြစ်ပါတယ်။

play


စပိန်အသင်းကတော့ ဥရောပရဲ့ အသင်းကြီးပီပီ အာရှက အီရန်ကို ဦးဆောင်ကစားခဲ့ပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကိုလည်း ရယူနိုင်ခဲ့ကာ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ကောင်းခဲ့ပါတယ်။ အီရန်ကလည်း မော်ရိုကိုကို အနိုင်ရထားလို့ ယခုပွဲမှာ အားထည့်ကစားလာပြီး စပိန်ကို အခက်တွေ့အောင် အတင်းဝင်အတင်းဖြတ် ကစားခဲ့ရာ ပထမပိုင်းမှာစပိန်အသင်း ကစားကွက်တည်မရ ရှိနေခဲ့ပါတယ်။

play


ဒုတိယပိုင်း ၅၄ မိနစ်အရောက်မှာတော့ အီရန်နောက်ခံလူ ရဲ့ မပြတ်သားတဲ့ရှင်းထုတ်ပုံက စပိန်တိုက်စစ်မှူး ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ စပိန်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။ အဲ့နောက် စပိန်အသင်းက ပွဲကို ဦးဆောင်ကစားခဲ့သော်လည်း အီရန်အသင်းက အင်တိုက်အားတိုက် ပြန်လည်ကစားခဲ့တာကြောင့် ပွဲမှာ မြိုင်ခဲ့ပါ တယ်။

play


ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာမှာ အီရန်အသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ရာမှာတော့ အီဇာတိုလာဟီက ပိတ်သွင်းပြီး ချေပဂိုး ရရှိစေခဲ့ပါတယ်။ အီရန်အသင်းရဲ့ သွင်းဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ထားခဲ့တာကြောင့် ဂိုးသွင်းအပြီး အောင်ပွဲခံခဲ့တဲ့ အီရန်အသင်းသားတွေနဲ့အတူ ပရိ သတ်တွေ အားလုံး မှင်သက်ခဲ့ရပါတယ်။

play


VAR စနစ်ကို ပြန်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက်မှာတော့ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် အဖိုးတန် ချေပဂိုး ရရှိ မယ့် အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးထိ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့်စပိန်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အီရန်အသင်းအတွက်တော့ ရင်နာစရာ အရှုံး နဲ့ ရင်ဆိုင်ခဲ့ရာ ဖြစ်ပြီး စပိန်အသင်းကတော့ ကံကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

play


လက်ရှိမှာတော့ စပိန်နဲ့ ပေါ်တူဂီတို့ တစ်သင်းလျှင် ၄ မှတ်စီနဲ့ အုပ်စုကို ဦးဆောင်နေပြီး အီရန်အသင်းက ၃ မှတ်နဲ့ နောက်တစ်ဆင့်တက်ဖို့ မျှော် လင့်ချက်ရှိနေသေးကာ မော်ရိုကိုအသင်းကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။ အုပ်စုနောက်ဆုံးပွဲစဉ်တွေအဖြစ် ပေါ်တူဂီအသင်းနဲ့ အီရန်၊စပိန်နဲ့ မော်ရိုကိုတို့ ကစားဖို့ ကျန်နေပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD