play

 

ရှမ်းပြည်ဘက်မှာလည်း လည်စရာတွေ အတော်ပေါပါတယ်။ ဒီနေရာလေးကတော့ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နဲ့နည်းနည်းလောက် ဆက်သွားရင် ရောက်ပါပြီ။

play

 

 နမ့်စန်မြို့ ကလူတွေ လာရောက်အပန်းဖြေတဲ့ နေရာလေးပေါ့။

play

 

ဒီနေရာလေးက သဘာဝတရားရိပ်သာတစ်ခုပါ။ ဒီကဘုန်းဘုန်းကပဲ မြို့သူမြို့သားတွေ အနားယူဖို့အတွက် အခုလို နေရာလေးတစ်ခု ဖန်တီးပေးထားတာပါ။

play

 

ဒီမှာဘုရားဖူးလို့ရသလို အနားယူနိုင်ပါသေးတယ်။

play

 

ဘုန်းဘုန်း ထိန်းသိမ်းပေးထားတာမို့အတော်ကို သေသေသပ်သပ်ရှိပါတယ်။ အမှိုက်တစ်စက်မှမရှိတာကို ဝမ်းသာမိတယ်။

play

 

ဒီမှာတော့ မိသားစုတွေ လာရောက်အပန်းဖြေ ရေချိုးလို့ရအောင် လုပ်ပေးထားတယ်။ မိန်းကလေး နဲ့ ယောက်ျားလေး သီးသန့်ခွဲပေးထားသေးတယ်။

play

 

နမ့်စန်ဘက်ကိုရောက်ရင် ပင်လုံမြို့ဝင်ပြီး ပင်လုံကျောက်တိုင်ကိုလည်း ဝင်ကြည့် လေ့လာလို့ရသေးတယ်နော်။

(ဤဆောင်းပါးသည် Travelling Review အကောင်းဆုံးပေးနိုင်သည့် My Khayee ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video