စက်တင်ဘာလ ၃၀ ရက် စနေနေ့ မှာ Responding of Influencer အမည်နဲ့ မြန်မာဘလော့ဂါအဖွဲ့ အစည်း MBS ရဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ Myanmar Blogger Forum ကို ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ Impact Hub Yangon မှာ ညနေ ၃ နာရီကနေ ၈ နာရီအထိ ကျင်းပသွားမယ့် ဒီပွဲမှာ လက်ရှိ လူမှုကွန်ရက်ပေါ်က ထင်ပေါ်ကျော်ကြားသူများရဲ့ Lifestyle , အတွေးအမြင်နဲ့ အတွေ့ အကြုံများကို မျှဝေသွားမှာပါ။ ဒ့ါအပြင် ဒီ social နာမည်ကျော်ပုဂ္ဂိုလ်ရဲ့ အရေးအသားနဲ့ ပြုမှုပြောဆိုပုံစံတွေဟာ လူတွေရဲ့ နေ့ စဉ်ဘဝ ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ဘယ်လိုဆက်စပ်သက်ရောက်မှု ရှိတယ်ဆိုတာတွေကိုပါ ထည့်သွင်းဆွေးနွေးသွားမျာ ဖြစ်ပါတယ်။

ခေတ်ပေါ် ဆိုရှယ်ရေစီးကြောင်းမှာ နာမည်ကျော် social cele တွေအနေနဲ ကိုယ်ရေးသားချက် ၊ ပြောဆို ပြုမှုချက်တွေအပေါ် ထိုးနှက်သူများနဲ့ ပရိသတ်များအကြား ဘယ်လို တာဝန်ယူမှု ၊ တာဝန်ခံမှုတွေနဲ့ ကိုယ်ကို ထိန်းသိမ်းကြတယ် ၊ social မှာ နာမည်ကျော်လာသူတစ်ဦးအပေါ် သ်ရောက်လာတဲ့ အပြောင်းအလဲများ နဲ့ အခွင့်အလမ်းများပါ ဒီပွဲမှာ ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။

play

 

ဒီဆွေးနွေးပွဲကို ဆိုရှယ်မီဒီယာနယ်ပယ်မှ နာမည်ကြီးပုဂ္ဂိုလ်များ ၊  ခရီးသွားနှင့် အလှ အပရေးရာ ဘလော့ရေးသားသူ များ၊ အနုပညာရှင်များ၊ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှ ထင်ရှား သည့် ဘလော့ဂါများ တက်ရောက်သွားမှာ ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video