AD
AD
AD

မြန်မာနိုင်ငံထိပ်တန်းအွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး Web Portal တစ်ခု ဖြစ်တဲ့ Jobnet.com.mm ရဲ့ စစ်တမ်းအရ ယခုနှစ်အတွင် ဘဏ်လုပ်ငန်း ၊ ငွေကြေးစီမံခန့် ခွဲမှုနဲ့ စာရင်းကိုင် စတဲ့ငွေကြေးကျွမ်းကျင်သူများ လိုအပ်ချက်ဟာ ၆ လ ဆက်တိုက် မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

play

 

ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာသလို ဈေးကွက် တိုးတက်ပြောင်းလဲလာခြင်း ၊ ဘဏ်လုပ်ငန်းဆိုင်ရာစနစ်များ ဖွံ့ ဖြိုးစပြုလာခြင်းကြောင့် Banking နှင့် Finance ပိုင်းတွေမှာ အလုပ်အကိုင်ခန့် အပ်ထားလိုမှု မြင့်တက်လာခဲ့တာ ဖြစ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။

"မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်ရောက်လာတဲ့အပြင် ငွေကြေးစီမံခန့်ခွဲမှုမှာ တကယ်ကျွမ်းကျင်သူ တွေ လိုအပ် လာတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း တင်းကျပ်လာပြီး နိုင်ငံတကာ စံချိန်တွေနဲ့ ရေးဆွဲကြရမယ် ဆိုတော့ ဒီနယ်ပယ်မှာ ပိုပြီး လိုအပ်ချက်များလာတာပါ။" လို့ Win Thin and Associates Audit Firm ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမိုးကျော် ကဆိုပါတယ်။

 

ဘဏ္ဍာရေးဆိုင်ရာ စီမံကွပ်ကဲမှုဟာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အချက်အချာ ဖြစ်လာပြီး ကျွမ်းကျင်မှုမြင့်မားသည့် ဘဏ္ဍာရေးပညာရှင်များ နဲ့ စာရင်းကိုင်နည်းပညာရှင်များ လိုအပ်ချက်လည်း မြင့်တက်လာခဲ့တာကြောင့် Jobnet.com.mm ကနေဦးဆောင်ပြီး ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အလုပ်အကိုင် ပြပွဲတစ်ခုကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့ မှာ ကျင်းပသွားမယ်လို့ လည်း သိရပါတယ်။

"ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ သဖြင့် ဖွံ့ဖြိုးလာတဲ့ အတွက် မြန်မာနိုင်ငံမှာ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အလုပ်အကိုင် ခန့်ထားလိုမှုတွေဟာ များပြားနေပါတယ်။ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ မြန်မာနိုင်ငံအတွင်းက ဘဏ်လုပ်ငန်း ဆိုင်ရာ စနစ်များ အတွက် ယခုထက်ပိုမိုပြီး ဖွံ့ဖြိုးတိုးတက်လာစေပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက် အခဲများကို ဖြေရှင်းကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီး Jobnet.com.mm ကနေဦးဆောင်ပြီး Jobnet Banking and Finance Career Conference 2017 ကိုလည်း မကြာခင်မှာ ကျင်းပပေးတော့မှာဖြစ်ပါတယ်။"လို့  Jobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Matt De Luca က ဆိုပါတယ်။

play

 

Jobnet.com.mm ရဲ့ စစ်တမ်းအရ အင်တာနက်မှ တစ်ဆင့် အလုပ်လျှောက်ထားမှုများမှာ အင်ဂျင်နီယာကဏ္ဍအတွက် အလုပ်အကိုင် လျှောက်ထားမှု အများဆုံး ဖြစ်နေပြီး ဒီနောက်မှာ အရောင်းနှင့် ဈေးကွက်ရှာဖွေရေးအလုပ်အကိုင် နဲ့ ဘဏ်လုပ်ငန်း ၊ငွေကြေး စီမံခန့် ခွဲမှုနဲ့ စာရင်းကိုင် အလုပ်အကိုင်ကဏ္ဍတို့ က အစဉ်အတိုင်း ရှိနေကြတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD