AD
AD
AD

ပြည်တွင်း စွန့် ဦးတီထွင် လုပ်ငန်းရှင်များကို ပေါ်ပေါက်လာစေဖို့ရည်ရွယ်ချက်အပေါ် အခြေခံပြီး စွန့် ဦးတီထွင်မှုဆိုင်ရာ စီးပွားရေးအစီအစဉ်ပြိုင်ပွဲ Entrepreneurship Startup Competition 2017 ကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၇ ရက်နေ့ အထိ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

ESC-2017 ဟာ မြန်မာနိုင်ငံမှ စွန့် ဦးတီထွင်မှုကို စိတ်ပါဝင်စားတဲ့ အသက် ၁၅ နှစ်မှ အသက် ၄၀ ကြားရှိ ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များ နှင့် စွန့် ဦးတီထွင် လုပ်ငန်းအကောင်အထည်ဖော်နေတဲ့ statrups လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ESC Myanmar မှ ဦးစီးကျင်းပလိုက်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များကို MICT Park ရှိ Kanaung Hub မှာာ လေးရက်တာ စခန်းသွင်းလေ့ကျင့်ပေးသွားမှာ ဖြစ်ပြီး စီးပွားရေးနယ်ပယ်အတွင်းရှိ ဝါရင့်စွန့် ဦးတီထွင်သူများနဲ့ အတွေ့ အကြုံ နဲ့ အသိပညာများကို ဆည်းပူးလေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။

 

အဖွဲ့ လိုက်အဖြစ် အများဆုံး ၃ ဦးအထိ အပြင် တစ်ဦးချင်းစီဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ဒီပွဲမှာ ပြိုင်ပွဲဝင်တွေအနေနဲ့ ဈေးကွက်အတွင်း မရှိထားသေးတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုအသစ်များနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲဝင်လျှောက်လွှာများကိုတော့ ESC Myanmar ရဲ့ Online Link ကနေ ဖောင်ဖြည့်ရမှာ ဖြစ်ပြီး ပဏာမအဆင့်ရွေးချယ်မှုအတွက် ကိုယ့်ရဲ့ စီးပွားရေးအစီအစဉ်များကို ၅ မိနစ်စာ presentation ပေးရမှာ ဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုမှာတော့ ၂ မိနစ်စာ Video presentation ၊ ၈ မိနစ်ရှင်းလင်းတင်ဆက်မှုအပြင် ၅ မိနစ်စာ အမေးအဖြေကဏ္ဍတို့ ပါဝင်မှာ ဖြစ်ပါတယ်။

play

 

ESC-2017 အတွက် ပြိုင်ပွဲဝင်ချင်တယ်ဆိုရင်တော့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြိုင်ပွဲဝင် လျှောက်လွှာဖောင်များနဲ့ အတူ ၂ မိနစ်စာ video presentation သို့ မဟုတ် Powerpoint presentation နဲ့ အတူ ESC Myanmar အဖွဲ့ ထံ ပူးတွဲပေးပို့ ရမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD