Responding of Influencer အမည်နဲ့ ဒီနေ့ ခေတ် လူမှုကွန်ယက်ပေါ်က ထင်ရှားကျော်ကြားသူများရဲ့ စကားဝိုင်းကို လာမယ့် စက်တင်ဘာလ ၃၀ ရက် စနေနေ့ မှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာ့လူ့ အဖွဲ့ အစည်းထဲ ကျယ်ကျယ်ပြန့် ပြန့် ထိုးဖောက်ဝင်ရောက်လာနေတဲ့ လူမှုကွန်ယက်ကို ဘက်ပေါင်းစုံက ရှုမြင်သုံးသပ်သွားကြမှာ ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားတော့မှာပါ။

play

 

ဒီပွဲမှာ social cele လို့ လူပြောများနေတဲ့ လူမှုကွန်ယက်ပေါ်က ထင်ရှားသူတွေ ဘယ်လိုမျိုး နေထိုင်ပြုမှုကြတယ် ။ လူမှုကွန်ယက်ပေါ် ဘယ်လိုမျိုး သဘောထားတုန့် ပြန်ကြတယ်ဆိုတာတွေအပြင် လူမှုကွန်ယက်နဲ့ နေ့ စဉ် စီးပွားရေး ၊ အောင်မြင်ကျော်ကြားမှုနဲ့ အခွင့်အလမ်းတွေ ဆက်စပ်နေသလဲ ဆိုတာကိုပါ ထည့်သွင်းဆွေးနွေးသွားတော့မှာ ဖြစ်ပါတယ်။

 

အထူးသဖြင့် လူတိုင်းလူတိုင်း လူမှုကွန်ယက်ပေါ်မှာ အောင်မြင်ထင်ရှားသူ ဖြစ်ဖို့ လွယ်ကူလာတဲ့အချိန်မှာ social cele တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ပရိတ်သတ်နဲ့ တိုက်ခိုက်ထိုးနှက်သူများအကြား ဘယ်လို တာဝန်ယူမှု ၊ တာဝန်ခံမှုတွေနဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတည့်မတ်ရမယ် ၊ လူမှုကွန်ယက်မှာ နာမည်ကြီးလာခြင်းကြောင့် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အကြား ဘယ်လိုကွာခြားမှုတွေ ရှိလာမယ်ဆိုတာအပြင် social cele တစ်ယောက် ရလာမယ့် စီးပွားရေးအခွင့်အလမ်းများအကြောင်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

play

 

Responding of Influencer ပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ Impact Hub Yangon မှာ ညနေ ၃ နာရီကနေ ၈ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ် ၊ ခရီးသွား ဘလော့ဂါများဖြစ်တဲ့ နုမြတ်သဂီ င်္ဦး နှင့် သီဟလုလင် ၊ Miss Universe Myanmar 2014 ဆုရ သျှားထွဋ်အိနြေ္ဒ ၊ ကားအကြောင်း ရေးသူ ဆောင်းပါးရှင်အရည်ကြို ၊ အလှအပရေးရာမှ ဝင်းမင်းသန်း ၊ လောလောဆယ် နာမည်ကြီးလာတဲ့ social cele ဖြူဖြူထွေး ၊ ရုပ်ရှင်သရုပ်ဆောင် လဲ့ယမင်းတို့ မှ တက်ရောက်ဆွေးနွေးသွားမှာ ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video