စွန့် ဦးတီထွင်ခြင်းဆိုင်ရာ သိကောင်းစရာများနဲ့ စွန့် ဦးလုပ်ငန်းများမှာ တွေ့ ကြုံရမယ့် အခက်အခဲနဲ့ အခွင့်အလမ်းများအကြောင်း ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် စက်တင်ဘာလ ၃၀ ရက် စနေနေ့  ရန်ကုန်မြို့ Vintage Luxury Yacht ဟိုတယ်မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

Myanmar Entrepreneurship & Innovation Development Forum ပွဲမှာ စွန့် ဦးတီထွင် လုပ်ငန်းရှင်းများအချင်ချင်း အတွေ့ အကြုံဖလှယ် မျှဝေကြရင်းနဲ့ နာမည်ကြီး entrepreneur လုပ်ငန်းရှင်များမှ စွန့် ဦးတီထွင်လုပ်ငန်းများမှာ ဘယ်လိုမျိုး ဆန်းသစ်တီထွင်မှုများနဲ့ နည်းပညာများ ထည့်သွင်းအသုံးပြုသွားကြမလဲဆိုတဲ့ ဆွေးနွေးချက်တွေကိုပါ နားထောင်ရမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ မြန်မာနိုင်ငံ စွန့် ဦးစီးပွားစွမ်းဆောင်ရှင်များ ကွန်ရက်မှ ဦးစီးပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ ဖြိုးလာစေဖို့ အတွက် လိုအပ်တဲ့ ဆန်းသစ်တီထွင်ခြင်းများနဲ့  စိန်ခေါ်မှု အခွင့်အလမ်းများကို ပိုင်းခြား သိမြင်လာစေဖို့ ကျင်းပလိုက်တာ ဖြစ်ပါတယ်။

 

နေ့ လည် ၁ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ ကျင်းပသွားမယ့် ယခုပွဲကို ဝင်ကြေး အခမဲ့သတ်မှတ်ထားပြီး တက်ရောက်မယ့် လူဦးရေကန့် သတ်ထားတယ်လို့ ဆိုပါတယ်။ ဒီပွဲကို တက်ရောက်ချင်တယ်ဆိုရင်တော့ Myanmar United States Friendship Association ရဲ့ လျှောက်လွှာမှာ ကြိုတင်စာရင်းပေးသွားရမှာ ဖြစ်ပြီး တက်ရောက်ခွင့်ရသူများစာရင်းကို E-Mail မှ တစ်ဆင့် အကြောင်းပြန်သွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video