AD
AD
AD

MMAC Event Management မှ ကြီးမှူးပြီး နယ်ပယ်အသီးသီးမှာ ထင်ရှားကျော်ကြားသူ အမျိုးသမီးများရဲ့ အမျိုးသမီးရေးရာ ဆွေးနွေးပွဲ 1st Celebrities Women's Empowerment Seminar 2017 ကို လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့ ကနေ အောက်တိုဘာလ ၁ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

play

 

အပြောင်းအလဲနဲ့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ နည်းပညာခေတ်ကြီးထဲက မြန်မာ လူငယ်အမျိုးသမီးများရဲ့ ဘဝမြင့်မားရေး ၊ အတွေးအခေါ်နဲ့ စိတ်အင်အား နိုးကြားတက်ကြွရေးတွေအတွက် ဒီပွဲမှာ နယ်ပယ်တစ်ခုချင်းစီအလိုက် အောင်မြင်ထင်ရှားနေသူ အမျိုးသမီးများမှ အတွေ့ အကြုံအသီးသီးကို ပြန်လည်မျှဝေဆွေးနွေးသွားတော့မှာပါ။ စိတ်ဝင်စားဖို့ အကောင်းဆုံးအပိုင်းက Celebrities Women's Empowerment Seminar 2017 ပွဲမှာ အနုပညာနယ်ပယ်က နာမည်ကြီး ဆယ်လီတွေတင် မဟုတ်တော့ဘဲ ကိုယ်ပိုင်စီးပွားရေး ၊ အလှအပနဲ့ ပညာရပ်နယ်ပယ်အသီးသီးမှာ ခိုင်ခိုင်မာမာ ရပ်တည်အောင်မြင်နေသူ အမျိုးသမီးများမှ ကိုယ်ပိုင်ဘဝနဲ့ အတွေ့ အကြုံများအကြောင်း ရင်းရင်းနှီးနှီး ဆွေးနွေးသွားမှာ ဖြစ်လို့ ဘဝလမ်းစရှာနေသူ အမျိုးသမီးငယ်များအတွက် လမ်းစပေါ်ဖို့ အခွင့်အလမ်းလည်း ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။

 

Celebrities Women's Empowerment Seminar ပွဲမှာ အောင်မြင်ထင်ရှားတဲ့ လူငယ်အမျိုးသမီးများရဲ့ စီးပွားရေး အမြင်နဲ့ ဖြတ်သန်းချက်များ ၊ အမျိုးသမီးများ သိသင့်တဲ့ ချစ်မှုရေးရာများ ၊ အိမ်ထောင်မှုဘဝ ကို ဖြတ်သန်းတည်ဆောက်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်များ ၊ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ အလှအပရေးရာ အကြုံပြုချက်များ ၊ နာမည်တစ်လုံးနဲ့ ထိပ်ဆုံးကို သွားဖို့ ဆွေးနွေးဟောပြောချက်များ စတဲ့ အဖိုးတန် ဗဟုသုတနဲ့ အတွေ့ အကြုံများကို နားထောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ဆိုင်ခန်းပေါင်း ၂၅ ခန်းကျော် နဲ့ နာမည်ကြီး အမျိုးသမီး အသုံးအဆောင်များပါ ချခင်း ရောင်းချသွားမှာ ဖြစ်လို့ ဆွေးနွေးပွဲကို နားထောင်ရင်း အရောင်းပြခန်းတွေမှာ လျှောက်လည်နိုင်မှာပါ။

play
MMAC Event Management တည်ထောင်သူနဲ့ CEO မမီမီညွန့် ဝင်း

 

ယခုပွဲဟာ ၂၀၁၇ ခုနှစ်အတွင်း MMAC Event Management ရဲ့ ဒုတိယမြောက်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်ထဲများမှာ နာမည်ကြီးအနုပညာရှင်များရဲ့ ပထမဆုံးအကြိမ် ဈေးရောင်းပွဲတော် 1st Celebrity Product Fair in Yangon ကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါတယ်။ ယခု Celebrities Women's Empowerment Seminar 2017ပွဲကိုတော့ သထုံမြို့ သုဝဏ္ဏဘူမိဟိုတယ်မှာ ကျင်းပပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD