မြန်မာအမျိုးသမီးများရဲ့ အလုပ်နဲ့ အကျိုးစီးပွား ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် MMAC မှ ဦးစီးပြီး အသက် ၃၅ နှစ်အောက် အမျိုးသမီးငယ်များအတွက် 1st Celebrities Women's Empowerment Seminar Thaton 2017  ခေါင်းစဉ်နဲ့ ဖိုရမ်တစ်ရပ်ကို စက်တင်ဘာ ၃၀၊ အောက်တိုဘာ၁ရက်တို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားတော့မယ်လို့ ဆိုပါတယ်။

play

 

ယခုဖိုရမ်ဟာ လူငယ်အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ ပိုမို ပေါ်ပေါက်လာစေဖို့ နဲ့ စွမ်းဆောင်ရည်မြင့်မားစေဖို့ ရည်ရွယ်ပြီး ကျင်းပလိုက်တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ လူငယ်အမျိုးသမီးများအတွက် တစ်ခြား စီးပွားရေး လုပ်ငန်းများနဲ့ အချိတ်အဆက် networking ပိုမိုရရှိစေမှာ ဖြစ်သလို အောင်မြင်ကြီးပွားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ အတွေ့ အကြုံနဲ့ အခွင့်အလမ်း ၊ အခက်အခဲများကို တွေ့ ဆုံဖလှယ်ခွင့်ရရှိမှာပါ။

Postby

 

အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း သစ်များ ပေါ်ပေါက်လာစေဖို့ အတွက် အခုလို ချိတ်ဆက်ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူ အမျိုးသမီးငယ်များ ၊ မိသားစု စီးပွားရေးလုပ်ကိုင်နေသူ အမျိုးသမီးငယ်များ ၊ စီးပွားရေးလုပ်ငန်းခွင်သို့ဝင်ရောက်လိုသူ အမျိုးသမီးငယ်အတွက် ရည်ရွယ်ပြီး ဒီနေ့ ခေတ် နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်များကနေ သူတို့ ကျွမ်းကျင်ရာကဏ္ဍအသီးသီးအကြောင်းကို ၂ ရက်တာ ပွဲကာလအတွင်း ဆွေးနွေးသင်ကြားပေးသွားမှာ ဖြစ်လို့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့ အကြုံနဲ့ ဗဟုသုတတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။

 

မည်သူမဆို အခမဲ့ တက်ရောက်နိုင်တဲ့ ဒီပွဲကို စက်တင်ဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့ များမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ သထုံမြို့ သုဝဏ္ဏဘူမိဟိုတယ်မှာ ကျင်းပသွားမယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video