AD
AD
AD

ဆက်သွယ်ရေးအော်ပရေတာများရဲ့ ဈေးနှုန်းပြိုင်ဆိုင်မှုမှာ အနိမ့်ဆုံးမိုဘိုင်းအင်တာနက်အသုံးပြုခကို 1MB အတွက် ၅ ကျပ်အထိ လျှော့ချပြိုင်ဆိုင်နိုင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနဟာ အော်ပရေတာများရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ အနိမ့်ဆုံးဈေးနှုန်းနဲ့ အမြင့်ဆုံး ဈေးနှုန်းများကို သတ်မှတ်ခဲ့ပါတယ်။ သို့ သော်လည်း လက်ရှိအချိန်အထိ မိုဘိုင်းအင်တာနက်အသုံးပြုခ 1MP အတွက် ၅ ကျပ်ကတော့ လျှော့ချပေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မိုဘိုင်းအင်တာနက်အသုံးပြုခအဖြစ် ဆိုရှယ်အစီအစဉ်များ ဖြစ်တဲ့ Facebook ၊ Viber များအတွက် 1MB လျှင် ၁ ကျပ် နဲ့ data Package အတွက် 1MB လျှင် ၁ ကျပ်ခွဲအထိ အနိမ့်ဆုံး သတ်မှတ်ကောက်ခံနိုင်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားပါတယ်။

 

လက်ရှိ အော်ပရေတာသုံးခုရဲ့ Data Package ဈေးနှုန်းတွေဟာ တူညီမှုမရှိဘဲ တချို့ Package တွေမှာ အနိမ့်ဆုံး သတ်မှတ်ဈေးထက်ပင် လျော့နည်းခြင်း ၊ ပိုများခြင်းများ ရှိနေတယ်လို့ ဆိုပါတယ် ။ မြန်မာနိုင်ငံရှိ မြို့နေလူတန်းစားဟာ မိုဘိုင်း အင်တာနက်ကို  လစဉ် 3GB အထိ အသုံးပြုနေပြီး ဥရောပနိုင်ငံများရှိ မိုဘိုင်းအင်တာနက်အသုံးပြုမူ ပမာဏထက်   ကျော်လွန်နေတယ်လို့ လည်း တယ်လီနောမှ သတင်း ထုတ်ပြန်ထားပါတယ်။

Source: 7day news journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD