လွှတ်တော်ကိုယ်စားလှယ်များနဲ့  တိုက်ရိုက်ဆက်သွယ်နိုင်မည့် ပွင့်လင်းလွှတ်တော် Open Hluttaw Application ကို ဒီနေ့ ကစပြီး အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

"ဒီ App တွေပေါ်လာခြင်းအားဖြင့် ပြည်သူလူထုရဲ့ အသံကိုပိုပြီးကြားရမှာဖြစ်ပါ တယ်” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြသောင်းကပြောပါတယ်။

 

ဒီအက်ပလီကေးရှင်းလေးကနေတစ်ဆင့် မိမိတို့ မဲဆန္ဒနယ်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ်လို့ လည်း သိရပါတယ်။ ဒီအက်ပလီကေးရှင်းကို Google Play Store နဲ့ App Store တို့ ကနေ ဒေါင်းလုပ်ဆွဲ ရယူနိုင်သလို openhluttaw.info ဝက်ဘ်ဆိုက်ကနေလည်း သွားရောက် ရယူနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဒီ app  ကိုဒေါင်းလုပ်လုပ်ဖို့ သက်ဆိုင်ရာ Store ရဲ့ Search အကွက်ထဲမှာ open hluttaw လို့ ရိုက်ထည့်ပြီး ရှာရမှာဖြစ်ပါတယ်။ ပွင့်လင်းလွှတ်တော် app အသုံးပြုနည်း အသေးစိတ်ကို App ထဲမှာပါတဲ့ လမ်းညွှန်ခလုတ်ကို နှိပ်ဖွင့်ကြည့်ပြီး လေ့လာနိုင်မယ်လို့ လည်း သိရပါတယ်။

Photos & Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video