AD
AD
AD
play
http://barcamptupakokku.org/ ဝက်ဘ်ဆိုက်ကို ဝင်လိုက်တာနဲ့ အစိမ်းရောင် စာတမ်းနဲ့ CodeT ဒီကို ရောက်လာပြီလို့ ဆိုပြီး အောက်မှာ တူရကီတံဆိပ်လခြမ်းနဲ့ ကြယ်ပွင့်ကို ဖော်ပြထားပါတယ်။ စာထဲမှာ CodeT ကတော့ စနစ်ကို ဟက်ခ်ထားတယ်လို့ ပါ စာတမ်းထိုးထားတာကို တွေ့ ရပါတယ်။ Barcamp TU ပခုက္ကူရဲ့ ဝက်ဘ်ဆိုက်ဟာ တူရကီဟက်ကာများရဲ့ လက်ချက်မိသွားတဲ့ နောက်ဆုံးပြည်တွင်း ဝက်ဘ်ဆိုက်တစ်ခုလို့ ဆိုရမှာပါ။
စက်တင်ဘာလ ၁ ရက်နေ့ ကစပြီး တူရကီဟက်ကာများဟာ ပြည်တွင်း အစိုးရဝက်ဘ်ဆိုက်အပါအဝင် တစ်ခြား ဝက်ဘ်ဆိုက်ပေါင်း ၂၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီနောက် မြန်မာ မြေအောက်လောက hacking team တစ်ခု ဖြစ်တဲ့ Union of UnderGround Myanmar Hackers (UGMH) မှလည်း တူရကီအစိုးရဝက်ဘ်ဆိုက်အပါအဝင် တစ်ခြားဝက်ဘ်ဆိုက်ပေါင်း ၇၀၀ ကျော်နဲ့ ဆာဗာ ၁၁ လုံးကို ပြန်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း UGMH မှ ဟက်ကာများဟာ တူရကီ Telecom ကုမ္ပဏီတစ်ခုရဲ့ Database အချက်အလက်များ ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
play
တူရကီဟက်ကာများနဲ့ မြန်မာဟက်ကာများအကြား  cyber war ကို ရပ်တန့် ဖို့ သဘောဆွေးနွေးခဲ့ပေမယ့် ပျက်ပြယ်သွားခဲ့တယ်လို့ လည်း သတင်းရထားပါတယ်။ ဆိုင်ဘာလုံခြုံမှု အနည်းဆုံး နိုင်ငံများထဲမှာ ပါတဲ့ မြန်မာနိုင်ငံမှ ၀က်ဘ်ဆိုက်တွေအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဖြစ်ပေါ်လို့ရှိရင် နည်းပညာ အကူအညီရယူနိုင်ဖို့  မြန်မာနိုင်ငံကွန်ပျူတာ အရေးပေါ် တုံ့ပြန်မှုအဖွဲ့ (mmCERT) ကိုဆက်သွယ်နိုင် တယ်လို့ သိရပါတယ်။
Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD