ဒစ်ဂျစ်တယ်ကူးပြောင်းမှုမှာ Cloud computing နည်းပညာဟာ မြန်မာနိုင်ငံရဲ့ နည်းပညာရပ်ဝန်းကို ပိုမို မြန်ဆန်ကောင်းမွန် စေနိုင်တယ်လို့ ဆိုပါတယ်။

play

 

“ဒီနေ့ခေတ်က Cloud ခေတ်ကို ရောက်ရှိလာပါပြီ။ မြန်မာ B2B ဈေးကွက်ကလည်း ဖွံ့ဖြိုးတိုးတက်နေတာနဲ့အညီ Cloud နည်းပညာသစ်ကို အသုံးပြုပြီး သုံးစွဲသူများကို မြန်ဆန်ကောင်းမွန်တဲ့ ၀န်ဆောင်မှုများ ပေးအပ်နိုင်မှာဖြစ်ပါတယ်။ Cloud နဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံရဲ့ နည်းပညာရပ်ဝန်းကို ပိုမိုကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ Customer တွေ ဒစ်ဂျစ်တယ်ကူးပြောင်းမှုကို အကောင်းဆုံးဝန်ဆောင်မှုပေးချင်တဲ့ မြန်မာ SME လုပ်ငန်းတွေအနေနဲ့ Cloud နည်းပညာက အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်” ဟု Huawei ရဲ့ Cloud Computing Solution Dept., မှ ဒါရိုက်တာ Haobai Wang က ပြောကြားခဲ့ပါတယ်။

 

နေပြည်တော်မှာ ကျင်းပတဲ့ Myanmar Connect 2017 ပွဲမှာ “Together Reshaping B2B Through Cloud” ခေါင်းစဉ်နဲ့ ဆွေးနွေးရာမှာ ဒီနေ့ ချိန်ဟာ Cloud နည်းပညာခေတ်ကို ရောက်လာပြီ ဖြစ်လို့ နည်းပညာရပ်ဝန်းများ မြန်ဆန်စွာ တိုးတက်ဖြစ်ထွန်းစေဖို့ မြန်မာနိုင်ငံ SME လုပ်ငန်းများအနေနဲ့ Cloud နဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းဟာ ဒစ်ဂျစ်တယ်ကူးပြောင်းမှုကို လွယ်ကူမြန်ဆန်စေမယ်လို့  သုံးသပ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

play

 

Myamar Connect 2017 ကို စက်တင်ဘာ ၁၉ နဲ့ ၂ဝ ရက် နေပြည်တော် MICC ခန်းမ ၂ မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကနေ တက်ရောက်သူ ၂၄ဝ ကျော်ခန့်ရှိခဲ့ပါတယ်။

Photos & Source : Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video