Company News: ဘာသာမဲ့တစ်ယောက် မဟုတ်တော့ဘူးဟု ပြောလာသည့် မတ်ခ်ဇူကာဘတ်ခ်

ဘာသာရေးဟာ အရေးကြီးတယ်လို့ ယုံကြည်သွားပါတယ်။

 

 

play

 

Facebook ကို တည်ထောင်ခဲ့တဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်ဟာ သူ့ ရဲ့

ဖေ့စ်ဘွတ်ခ်ကိုယ်ရေးပရိုဖိုင်မှ ဘာသာမဲ့ဆိုသည့် အချက်ကို ပယ်ဖျက်ခဲ့ပြီး ပြီးခဲ့တဲ့

ခရစ်စမတ်ကာလမှာ သူ့ ရဲ့ followers များထံ Merry Chrimas နှင့် Happy Hanukkah ဆိုသည့်

မက်ဆေ့ပေးပို့ ဆုတောင်းခဲ့ပါတယ်။

သူ့ ရဲ့ ခရစ်စမတ်ဆုတောင်းပို့ စ် အောက်မှ "ခင်ဗျားက ဘာသာမဲ့တစ်ယောက်မဟုတ်ဘူးလား"

ဆိုသည့် မေးခွန်းကို ဇူကာဘတ်ခ်က ငြင်းဆန်ခဲ့ပါတယ်။ "ကျွန်တော်က ဂျူးလူမျိုးတစ်ယောက်ပါ။

ကျွန်တော့်ဘဝတစ်လျှောက်လုံး မေးခွန်းတွေနဲ့ ဖြတ်သန်းခဲ့ရတာပါ။ ဒါပေမယ့် ဘာသာရေးဟာ

အလွန်အရေးကြီးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

မတ်ခ်ဇူကာဘတ်ခ်ဟာ ယခင်နှစ်က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ ဆုံခဲ့ပါတယ်။

ဒီအရင်ကလည်း သူဟာ ဘုရားတစ်ဆူရှေ့ မှာ ရှိခိုးနေတဲ့ ပုံတင်ခဲ့ပြီး ဗုဒ္ဓဘာသာကို

ချီးမွမ်းပြောဆိုခဲ့ပါတယ်။ သူ့ ရဲ့ ဇနီး ပရစ်ဆီလာချန်ဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ

ဖြစ်ပါတယ်။

 

Source: NBC news

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ