Company News: ဒတ်ခ်ျရထားအားလုံး လေစွမ်းအင်နှင့် မောင်းနှင်နေ

ဇန်နဝါရီ ၁ ရက်နေ့ ကနေ စတင်ပြေးဆွဲနေတာပါ။

အသေးအဖွဲလေးလို့ ထင်ရပေမယ့် သန့် စင်စွမ်းအင်ကဏ္ဍအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ က စတင်ပြီး နယ်သာလန်နိုင်ငံမှာ ရှိတဲ့ ရထားတိုင်းဟာ လေစွမ်းအင်သုံးပြီး မောင်းနှင်နေပြီ ဖြစ်ပါတယ်။


Eneco နဲ့ NS သတင်းဝက်ဘ်ဆိုက်များအရ ဒီလေစွမ်းအင်သုံးရထားတွေဟာ နေ့ စဉ် ခရီးသည် ၆ သိန်းအထိ သွားလာရေးပိုင်းမှာ ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ ကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိစေမယ့် ဒီအစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ လေစွမ်းအင်သုံး ရထားစနစ်ကို ပထမဆုံးကြေငြာခဲ့တဲ့ ဒတ်ခ်ျစွမ်းအင်ကုမ္ပဏီ Eneco ကနေ တာဝန်ယူထားတာဖြစ်ပါတယ်။

play


ဒီပရောဂျက်ဟာ ၂၀၁၈ ခုနစ်မှာ ပြီးရမယ်လို့ သဘောတူညီထားခဲ့ပေမယ့် နယ်သာလန်နိုင်ငံမှာ လေရဟတ်ရုံများ တိုးပွားလာတာကြောင့် အခုလို စောစောစီးစီး အထမြောက်သွားခဲ့တာဖြစ်ပါတယ်။

play


ဒီလေစွမ်းအင်သုံး ရထားတွေဟာ တစ်နာရီကို ကီလိုမီတာ ၂၀၀ (မိုင်၁၂၀) အထိ မောင်းနှင်နိုင်ပြီး တစ်နေ့ မှာ ရထားခရီးစဉ်ပေါင်း ၅၅၀၀ ရှိတယ်လို့ NS ကုမ္ပဏီက ဆိုပါတယ်။ အခုဆို လာမယ့် ၂၀၂၀ ခုနှစ်မှာ ၂၀၀၅ ခုနှစ်နဲ့ ယှဉ်ရင် ခရီးသည်တစ်ယောက်လျှင် စွမ်းအင်သုံးစွဲမှု ၃၅ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Source: Cnet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။