Company News: 4G LTE ထက် နှစ်ဆပိုမြန်တဲ့ မြန်နှုန်းမြင့် LTE+ အင်တာနက်ဝန်ဆောင်မှုကို MPT မိတ်ဆက်

, updated

ဝန်ဆောင်က ပိုမကောက်ဘူးလို့ ဆိုပါတယ်။

MPT ဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ က 4G/LTE ဝန်ဆောင်မှုကို စတင်ဖြန့် ချိလိုက်ပြီးနောက် ဒီနေ့ မှာတော့ 4G LTE ထက် နှစ်ဆမြန်တဲ့ MPT LTE+ ဝန်ဆောင်မှုကို နေပြည်တော် ၊ ရန်ကုန် နဲ့ မန္တလေးမြို့ များအတွက် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

play

 

အင်တာနက်သုံးရာမှာ ယခင်ကထက် အများကြီးပိုမိုမြန်ဆန်တဲ့ LTE+ ကွန်ယက်အတွက် ဝန်ဆောင်ခပို ပေးစရာမလိုဘူးလို့ လည်း ဆိုပါတယ်။ LTE+ စနစ်မှာ ဖိုင်ဆိုဒ်အကြီးစားကြီးတွေ ဒေါင်းလုပ်ချတာဖြစ်ဖြစ် အွန်လိုင်းပေါ်က ဂိမ်းတွေ ဆော့တာပဲ ဖြစ်ဖြစ် လိုင်းဆွဲအားတောက်လျှောက် ကောင်းကောင်းနဲ့ သုံးနိုင်တော့မှာပါ။ အရင်ကထက် နှစ်ဆမြန်တဲ့ အင်တာနက်ကို သုံးနိုင်ပြီ ဖြစ်လို့  ဗွီဒီယို call  ခေါ်တာ ၊ HD video တွေ ကြည့်တာတွေကိုလည်း သာသာယာယာလေး ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

MPT LTE+ ကို သုံးမယ်ဆိုရင် MPT SIM card ကို card slot 1 ထဲမှာ ထည့်ထားရမှာ ဖြစ်ပြီး MPT ရဲ့ plan တွေ ဖြစ်တဲ့ Shal Pyaw သို့ မဟုတ် Swe Thahar တို့ ကို သုံးပေးဖို့ လိုပါတယ်။ ဒီဝန်ဆောင်မှုကို 4G ဖုန်းများနဲ့ MPT USIM ကဒ်သုံးသူတိုင်း သုံးနိုင်မှာ ဖြစ်ပြီး MPT LTE+ ကွန်ယက်ထဲ ရောက်တာနဲ့ အလိုအလျောက် ချိတ်ဆက်ပေးသွားမှာပါ။

 

ကိုယ့် MPT SIM card ဟာ USIM ကဒ်ဖြစ်မဖြစ်ကို သိချင်တယ်ဆိုရင်တော့ *106*5# ကို ဖုန်းခေါ်ပြီး စစ်ကြည့်နိုင်ပါတယ်။ တကယ်လို့ ကိုယ့် ဆင်းမ်ကဒ်ဟာ USIM မဟုတ်ရင် နည်းစပ်ရာ MPT ဆိုင်များမှာ အခမဲ့လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

MPT LTE+ ဝန်ဆောင်မှုကို သုံးမယ့်သူရဲ့ဖုန်းဟာ LTE+ service ကို သုံးနိုင်မယ့် ဖုန်းဖြစ်ဖို့ လိုပါတယ်။ LTE ဖုန်းဟုတ်မဟုတ်ကို စစ်ကြည့်ချင်တယ်ဆိုရင်တော့ Settings မှ More Network> Mobile Network> Network Mode ထဲ ဝင်ပြီး LTE (သို့) 4G ကို ရွေးချယ်ပါ။ LTE သို့ မဟုတ် 4G လို့ ပါရင် LTE+ စနစ်ကို သုံးနိုင်တဲ့ ဖုန်း ဖြစ်ပါတယ်။

play

 

LTE+ ကို လောလောဆယ်မှာတော့ နေပြည်တော် ၊ ရန်ကုန်နဲ့ မန္တလေးမြို့ များမှာ စတင်သုံးလို့ ရမှာ ဖြစ်ပြီး ကျန်မြို့ များကတော့ နောက်မကြာခင်မှ သုံးလို့ ရနိုင်မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ