Company News: Android အက်ပလီကေးရှင်းများနှင့် ထွက်လာတော့မည့် Samsung Chromebook Plus နှင့် Chromebook Pro

, updated

မော်ဒယ်နှစ်ခုစလုံးဟာ ၃၆၀ ဒီဂရီအပြည့် လှည့်လို့ ခေါက်လို့ ရပါတယ်။

play

လာမယ့် ၂၀၁၇ နည်းပညာထုတ်ကုန်ပြပွဲမှာ တွေ့ ရမယ့် ထုတ်ကုန်သစ်တစ်မျိုးကတော့ Samsung မှ ဖြန့် ချိတော့ မယ့် Chromebook မော်ဒယ်သစ်နှစ်မျိုးပဲ ဖြစ်ပါတယ်။ Samsung Chromebook Plus နှင့် Chormebook Pro တို့ ဟာ Google Play Store မှ အန်းဒရိုက်အက်ပလီကေးရှင်းများကို run လို့ ရနိုင်တဲ့ ပထမဆုံး Chrome OS device များ ဖြစ်လာတော့မှာပါ။

ဒီ မော်ဒယ်နှစ်ခုမှာ မတူတာက Plus စီးရီးမှာ ARM အခြေခံထားတဲ့ hexa-core OP1 processor ကို သုံးထားပြီး Pro စီးရီးမှာတော့ Intel Core m3 chip ကို သုံးထားတာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်ခုစလုံးဟာ ၃၆၀ ဒီဂရီအပြည့် လှည့်လို့ ခေါက်လို့ ရပြီး display ပိုင်းမှာဆိုရင် 2400x1600 resolution သုံးထားပါတယ်။ RAM အနေနဲ့ 4GB ရှိပြီး onboard storage မှာ 32GB ပါရှိပါတယ်။ ဒီ Chromebook မော်ဒယ်နှစ်ခုစလုံးဟာ USB C port အမျိုးအစားနဲ့ လာတာပါ။ ကိုယ်အသုံးမလိုတဲ့အခါ ဖြုတ်ထားလို့ ရတဲ့ pen တစ်ချောင်းလည်း ပါရှိထားပါတယ်။ ဒီ Chromebook တွေမှာ မှတ်စုရေးသားဖို့  အတွက် Google Keep app နှင့် ပုံဆွဲဖို့ အတွက် Samsung ArtCanvas အက်ပ်တို့ ကို ကြိုပြီး install သွင်းပေးထားပါတယ်။

 

Samsung ရဲ့ Chrombooks သစ်တွေမှာ Google Play Store အက်ပ်များနဲ့ ထွက်လာတာဟာ အကြီးမားဆုံး feature လို့ ဆိုရပါမယ်။ Google ဟာ ၂၀၁၆ နှစ်လယ်ကနေ စပြီး Chrome OS updates တွေကနေ တစ်ဆင့် အန်းဒရိုက်အက်ပ်တွေကို update နည်းနည်းချင်း တင်ပေးလာတာ ဖြစ်လို့ မကြာခင်မှာ အန်းဒရိုက်အက်ပ်တွေကို support ပေးမယ့် နောက်ထပ် Chromebook တွေမှာ တွေ့ မြင်ရဖို့ ရှိပါတယ်။ တစ်ခုရှိတာက ဆမ်ဆောင်းရဲ့ ဒီ မော်ဒယ်တွေကတော့ beta ဗားရှင်းနဲ့ ပဲ လာတာဖြစ်ပါတယ်။

play

 

ဖေဖော်ဝါရီလထဲမှာ ရောင်းချပေးသွားမယ့် Chromebook Plus ရဲ့ ဈေးနှုန်းကတော့ ၄၄၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး နွေဆန်းပိုင်းမှာ ထွက်လာမယ့် Pro ရဲ့ ဈေးနှုန်းကိုတော့ အခုထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Source: Samsung

Samsung မှ ဖြန့်ချိမယ့် Chromebook တွေကို ဝယ်ယူချင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ