Company News: ၂၀၁၇ နှစ်ဆန်းပိုင်းတွင် Android Wear 2.0 သုံး စမတ်လက်ပတ်နာရီနှစ်မျိုး Google ထုတ်လုပ်သွားမည်

Android Wear 2.0 ကို မကြာခင် မြင်တွေ့ရတော့မှာပါ။

play

 

Google ရဲ့ အန်းဒရိုက်လက်ပတ်နာရီထုတ်ကုန်မန်နေဂျာ Jeff Chang မှ လာမယ့် ၂၀၁၇ နှစ်ဦးကာလ၌ ကိုယ်ပိုင် Android Wear 2.0 စမတ်လက်ပတ်နာရီနှစ်မျိုးကို ထုတ်လုပ်ဖြန့် ချီသွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

The Verge နဲ့ တွေ့ ဆုံမေးမြန်းခန်းမှာ ယခု ထွက်ရှိလာမည့် စမတ်လက်ပတ်နာရီတွေဟာ Android ear 2.0 နဲ့ ထွက်ရှိလာမယ့် ပထမဆုံး ထုတ်ကုန်တွေဖြစ်လာတော့မယ်လို့ Chang မှ ဆိုပါတယ်။ လက်တလောမှာ ဒီနာရီတွေကို အမည်ဖော်မပြသေးတဲ့ စက်ရုံတစ်ခုကနေ ထုတ်လုပ်နေပြီး Google ဟာ ယင်းကုမ္ပဏီနှင့် ဟာ့ဒ်ဝဲလ် ဒီဇိုင်းပိုင်းနှင့် ဆော့ဖ်ဝဲလ်ပိုင်း နှစ်မျိုးစလုံးကို ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီစမတ်နာရီတွေဟာ Pixel တံဆိပ်နဲ့ လာမှာ မဟုတ်ဘဲ ဒီထုတ်ကုန်ကို ထုတ်လုပ်သွားမယ့် ကုမ္ပဏီရဲ့ တံဆိပ် တပ်သွားမယ်လို့ လည်း ဆိုပါတယ်။ ဒီလို ပူးပေါင်းထုတ်လုပ်ခြင်းဟာ ယခင်က Nexus စမတ်ဖုန်းနှင့် တက်ဘလက် များမှာ Google ပါတနာလုပ်ခဲ့တဲ့ အဖြစ်နဲ့ ဆင်တူနေပါတယ်။ ဒီစမတ်နာရီနှစ်လုံးရဲ့ ဟာ့ဒ်ဝဲလ်ပိုင်း အသေးစိတ်အချက်အလက်များကို မသိရသေးပါဘူး။

 

Android Wear 2.0 ကို ယခု ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ဖြန့် ချီသွားမယ်လို့ ယူဆထားပေမယ့် ပြီးခဲ့တဲ့လ အနည်းငယ်ကပဲ ၂၀၁၇ ပထမလေးလပတ်အတွင်းမှ ဖြန့် ချီသွားဖို့ Google မှ ရွှေ့ ဆိုင်းလိုက်တာပါ။ ကုမ္ပဏီဟာ သူ့ ရဲ့ စတုတ္ထမြောက် OS ပိုင်း developer preview ကို မကြာသေးခင်ကပဲ ဖြန့် ချီလိုက်ပြီး ပဉ္စမမြောက် preview ကို ဇန်နဝါရီထဲမှာ ဖြန့် ချီသွားမှာပါ။ ဒီ ပဉ္စမမြောက် preview မှာတော့ Google Assistant နဲ့ Android Pay နှစ်ခုစလုံးကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ထုတ်ကုန်မန်နေဂျာဖြစ်တဲ့ Chang ကတော့ လာမယ့် ၂၀၁၇ မှာ third-party များကနေ Android Wear 2.0 စမတ်လက်ပတ်နာရီသစ်များ ထုတ်သွားမယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ထုတ်ကုန်များအကြောင်းကိုတော့ လာမယ့် ဇန်နဝါရီအစောပိုင်း Las Vegas မှာ ပြုလုပ်မယ့် ၂၀၁၇ နည်းပညာပြပွဲမှ ကြေငြာသွားမယ်လို့ သိရပါတယ်။

 

Source: The Verge

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ