Company News: AR Glasses ပိုင်းအတွက် Apple နှင့် Carl Zeiss တို့ ပူးပေါင်း

အိုင်ဖုန်းနဲ့ ချိတ်ဆက်ပြီး သုံးနိုင်မှာပါ။

play

 

Apple ဟာ သူ့ ရဲ့ ပုံရိပ်ဖော်မျက်မှန် AR glasses များအတွက် Carl Zess ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်တယ်လို့ Robert Scoble မှ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလိုပူးပေါင်းလိုက်တဲ့အကြောင်းကို ဂျာမန်မျက်မှန်ကုမ္ပဏီ Carl Zeiss မှာ လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က အတည်ပြုပြောကြားလိုက်တာပါ ။

ပြီးခဲ့တဲ့ CES ပွဲမှာ Carl Zess ဟာ AR ပိုင်းမှာ နေရာရခဲ့ပေမယ့် နည်းပညာထုတ်ကုန်သစ်များ တင်ပြခဲ့ခြင်း မရှိပါဘူး။ Bloomberg သတင်းတစ်ရပ်အရ Apple ဟာ ဒစ်ဂျစ်တယ်မျက်မှန်လုပ်ငန်းပိုင်း ချဲ့ ထွင်သွားဖို့ စဉ်းစားနေတယ်လို့ ဖော်ပြထားပါတယ်။ယင်း မျက်မှန်များကို iPhones နှင့် ဝိုင်ယာလက်ချိတ်ဆက်ပြီး မျက်မှန်တပ်ထားသူရဲ့ မြင်ကွင်းမှ သတင်းအချက်အလက်နဲ့ ပုံရိပ်များကို အိုင်ဖုန်းဆီ ဖော်ပြပေးသွားမှာဖြစ်ပြီး AR နည်းပညာသုံးဖို့ ရှိတယ်လို့ ဆိုပါတယ်။

Augmented Reality လို့ ခေါ်တဲ့ ပုံရိပ်ဖော်နည်းပညာဟာ တကယ့်အပြင်မှာ မရှိတဲ့ ပုံရိပ်နဲ့ အချက်အလက်များကို ပုံဖော်ပေးနိုင်ပြီး အသိသာဆုံး AR နမူနာကတော့ Pokemon Go ပဲ ဖြစ်ပါတယ်။

Apple ကတော့ ဒီလိုပူးပေါင်းမှုနဲ့ ပတ်သတ်လို့ မှတ်ချက်ချခြင်း မပြုခဲ့ပါဘူး။

Source: iClarified

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ