Company News: ကြော်ငြာဗွီဒီယိုများနဲ့ စိတ်ရှုပ်စရာဖြစ်လာတော့မယ့် Facebook

ကြော်ငြာဗွီဒီယိုတွေဟာ အနည်းဆုံး တစ်မိနစ်ခွဲ ကြာမှာပါ။

play

 

Facebook ဟာ မကြာခင်မှာ ကြော်ငြာဗွီဒီယိုတိုတွေကို ကြားဖြတ်ပြသသွားတော့မယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Live stream ဝန်ဆောင်မှုပေးပြီးကတည်းက Facebook ဟာ ဗွီဒီယိုသတင်းကဏ္ဍများဆီ သွားဖို့ လုပ်နေတာပါ။ Facebook ဟာ Live streaming features တွေနဲ့ အတူ ဗွီဒီယို ပရိုဖိုင်များ ၊ ခွေးကလေး ကြောင်လေးများရဲ့ ချစ်စရာဗွီဒီယိုကလစ်များကို မိတ်ဆက်လာပါတယ်။ အခုဆို Messenger app မှာ Snapchat လိုမျိုး features တွေကိုပါ ထပ်ထည့်လာပါတယ်။

 

Facebook မှာ ဗွီဒီယိုကြည့်ကြတာ တစ်နေ့ လျှင် နာရီပေါင်း သန်း ၁၀၀ ကျော်ကြာရှိတယ်လို့ Facebook မှသတင်းထုတ်ပြန်ထားပါတယ်။ အခုလည်း မကြာခင်မှာ စက္ကန့် ၂၀ နဲ့ အထက် စီးပွားရေးလုပ်ငန်းသုံး ကြော်ငြာဗွီဒီယိုများကို ထည့်သွင်းလို့ ရနိုင်တဲ့ mid-roll ad format ကို စမ်းသပ်နေပါတယ်။

တစ်ခြား ဗွီဒီယို platform တွေနဲ့ မတူတာက ဒီ format ဟာ ဗွီဒီယို မစခင် ပြသတဲ့ အရောင်းမြှင့်တင်ရေးဗွီဒီယိုတွေကို ခွင့်ပြုမထားပါဘူး။ သတင်းအရ အမေရိကန်အင်တာနက်ကုမ္ပဏီ BuzzFeed မှ အမှုဆောင်တွေဟာ သူတို့ ရဲ့ Tasty ဗွီဒီယိုတွေကနေ ငွေမရှာနိုင်ဘူးလို့ တင်ပြပြီးနောက် ဒီ mid-roll ကြော်ငြာဗွီဒီယိုတွေကို ထည့်သုံးသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ Facebook အနေနဲ့  စက္ကန့်  ၉၀ အနည်းဆုံးကြာတဲ့ ကြော်ငြာဗီဒီယိုတိုများကိုပဲ တင်ဆက်သွားမှာ ဖြစ်ပြီး ကြော်ငြာကတော့ ဗွီဒီယို ပြပြီး စက္ကန့် ၂၀ လောက်မှာ ပေါ်လာမှာပါ။

 ကုမ္ပဏီဟာ ကြော်ငြာများ ရောင်းသွားဖို့ ရှိပြီး စုစုပေါင်း ရောင်းအားရဲ့ ၅၅% ကို သူ့ ရဲ့ထုတ်လုပ်သူများနဲ့ ခွဲဝေယူကြမှာ ဖြစ်ပါတယ်။

Source: AndroidAuthority

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ