Company News: Google Maps တွင် နေရာပြ Location Sharing features သစ်များ အသစ်ပါဝင်လာ

Google Maps

Android အက်ပလီကေးရှင်းတွေထဲ အသုံးအများဆုံးအက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Google Maps ဟာ မကြာခင်မှာပဲ features ကြီးကြီးမားမားတစ်ချို့ ထပ်မံထည့်သွင်းသွားဖို့ စီစဉ်နေပါတယ်။ စမ်းသပ်ချက်အရ ဒီအက်ပလီကေးရှင်းမှာ တည်နေရာညွှန်းတဲ့ location sharing features တစ်ချို့ ထပ်ထည့်လို့ ရနိုင်တယ်လို့  သတင်းသစ်တစ်ရပ်ကဆိုပါတယ်။

play

 

Ausdroid သတင်းဌာနရဲ့အဆိုအရ ယခုစမ်းသပ်ထားတဲ့ Google Maps ဗားရှင်းရဲ့ menu ထဲမှာ friends ဆိုတဲ့ ကဏ္ဍတစ်ရပ်ပါရှိမှာ ဖြစ်ပြီး ဒီကနေ ကိုယ့်သူငယ်ချင်းတွေ အခု ဘယ်ရောက်နေသလဲဆိုတာကို ဖော်ပြပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအက်ပလီကေးရှင်းမှာ သူငယ်ချင်းအသစ်တွေ ထည့်ထားလို့ ရသလို ကိုယ့်ရဲ့ သူငယ်ချင်းစာရင်းကနေလည်း ဖယ်ရှားလို့ ရအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ ဖွင့်လို့ ပိတ်လို့ ရတဲ့ အက်ပလီကေးရှင်းရဲ့ setting ထဲမှာ navigation sharing ဆိုတဲ့ option အသစ်တစ်ခုလည်း ပါမှာ ဖြစ်ပါတယ်။

ဒီအက်ပလီကေးရှင်းကို ဖွင့်လိုက်တာနဲ့ အက်ပလီကေးရှင်းကနေ သုံးစွဲသူကို ကိုယ်ရောက်ချင်တဲ့နေရာဆီ အမြန်သိလို့ ရမယ့်ဖြတ်လမ်းကို သုံးမလားဆိုပြီး Yes or No နဲ့ မေးတဲ့ hands free faster route ဆိုတဲ့ option လေးတစ်ခု ပေါ်လာမှာပါ။ နောက်ဆုံးအနေနဲ့ Google အနေနဲ့ သူ့ ရဲ့ Google Maps ကို ပိုပြီး မြန်မြန်ဆန်ဆန် run လို့ ရစေအောင် တည်နေရာနဲ့ ရှာဖွေမှုလုပ်ရာမှာ offline အသွင်နဲ့ ရှာလို့ ရအောင် လုပ်ဖို့ ရှိပါတယ်။

play

 

ဒီသတင်းဟာ Google Maps ရဲ့ လုပ်ငန်းတွင်းစမ်းသပ်ချက်အပေါ်အခြေခံပြီး တင်ပြထားတာပါ။ ဒီတော့ ဒီအက်ပလီကေးရှင်းရဲ့ နောက်လာမယ့် Public version မှာ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို features သစ်များ ထပ်မံထည့်သွင်းလာပြီး တရားဝင်တာ ဖြန့် ချီလာမယ်ဆိုရင်တော့ ကြိုဆိုရမယ့် အချက်ပဲ ဖြစ်ပါတယ်။

Source : Ausdroid

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ