Company News: GPS ပါသည့် စမတ်နာရီသစ်ကို ဧပြီလထဲ ဖြန့် ချိတော့မည့် Casio

, updated

GPS ပါဝင်မယ့် ပထမဆုံး Casio စမတ်နာရီ ဖြစ်လာမှာပါ။

play

 

ပြီးခဲ့တဲ့ ၂၀၁၆ တုန်းက Android Wear 1.0 သုံး WSDF10 စမတ်နာရီနဲ့  ပရိသတ်စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ Casio နာရီကုမ္ပဏီဟာ လာမယ့် ၂၀၁၇ နည်းပညာထုတ်ကုန်ပြပွဲမှာ Casio WSDF20 ကို ထုတ်လုပ်ပြသသွားတော့မှာပါ။ Android Wear 2.0 သုံးထားတဲ့ ဒီစမတ်နာရီမှာ နေရာပြ GPS စနစ်ပါ ထည့်သွင်းပေးထာပါတယ်။

ဒီနာရီမှာလည်း ယခင် WSDF10 စမတ်နာရီနဲ့ တူညီတဲ့ feature များပါရှိထားတယ်လို့ သိရပါတယ်။ နာရီနှစ်လုံးစလုံးရဲ့ ညာဘက်ခြမ်းမှာ ခလုတ်သုံးခုပါရှိပြီး အကြမ်းခံနိုင်မှုမှာတော့ အမေရိကန်စစ်တပ်သုံး 801G rating ရှိပြီး ရေအနက် မီတာ ၅၀ အထိ ရေလုံအောင် ဖန်တီးထားတာပါ။ ဒီ Casio WSDF20 မှာ ထူးခြားတာက GPS စနစ်ပါရှိပြီး အင်တာနက်မရှိတဲ့ offine မှာတောင် တည်နေရာကို ရှာလို့ ရမှာ ဖြစ်ပါတယ်။

 

မြေပုံအချက်အလက်တွေကိုတော့ Mapbox ကနေ ယူသုံးတာဖြစ်ပြီး offline မှာ သုံးဖို့ အတွက် maps တွေကို ဒေါင်းထားလို့ ရပါတယ်။ ဒါ့အပြင် ဒီနာရီမှာပါတဲ့ Location Memory app သုံးပြီး တည်နေရာတွေနဲ့ ပတ်သက်လို့  တစ်ခုခု ရေးမှတ်ထားချင်တယ်ဆိုရင် မြေပုံပေါ်မှာ စာသားနဲ့ marker တို့ ကို သုံးပြီး စိတ်ကြိုက်မှတ်ထားနိုင်ပါတယ်။ လက်ဗွေစနစ်သုံးနိုင်ဖို့ အတွက်လည်း display မှာ anti-fouling coating နဲ့ တောင် လာတာ ဖြစ်ပါတယ်။

Casio WSDF 20 ကို ဧပြီလ ၂၁ ရက်နေ့ မှာ ရောင်းချသွားဖို့ စီစဉ်နေပေမဲ့ ဈေးနှုန်းကိုတော့ မထုတ်ပြန်သေးပါဘူး။ ယခင် WSDF10 ကိုလည်း Android Wear 2.0 အထိ ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ဖို့ စီစဉ်ထားပေမဲ့ ဘယ်အချိန်တင်မလဲတော့ မသိရသေးပါဘူး။ Android Wear 2.0 ကို ၂၀၁၇ ပထမသုံးလပတ်အတွင်း တရားဝင်ရောင်းချသွားမှာ ဖြစ်ပြီး Google မှလည်း သူ့ ရဲ့ ပထမဆုံး စမတ်နာရီများကိုလည်း ယခုနှစ်အစောပိုင်းမှာ ဖြန့် ချိသွားမှာ ဖြစ်ပါတယ်။

Source: Digital Trends

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ