Company News: ၂၀၂၀ ပြည့်နှစ်မှာ ခေါက်သိမ်းနိုင်တဲ့ iPhone ထုတ်လုပ်သွားဖွယ်ရှိ

, updated

LG Display နဲ့ ပူးပေါင်းထုတ်လုပ်သွားတော့မယ်လို့ သတင်းထွက်နေပါတယ်။

စမတ်ဖုန်းဒီဇိုင်းတော်လှန်ရေးလို့ ဆိုရမယ့် ပိုက်ဆံအိတ်တစ်လုံးလို ခေါက်ထားလို့ ရနိုင်တဲ့ စမတ်ဖုန်းမျိုးဟာ အနာဂါတ် စမတ်ဖုန်းရှေ့ ပြေးစိတ်ကူးတွေထဲက တစ်ခု ဖြစ်ပါတယ်။ bezel-less OLED display ခေတ်ထဲကို iPhone X နဲ့ ခုန်ဝင်လာတဲ့ Apple ကလည်း ခေါက်သိမ်းလို့ ရမယ့် iPhone တွေကို LG Display နဲ့ ပူးပေါင်းထုတ်လုပ်သွားတော့မယ်လို့ သတင်းထွက်နေပါတယ်။

play

 

တောင်ကိုရီးယားက လာတဲ့ သတင်းတစ်ပုဒ်အရ LG Display ဟာ ခေါက်နိုင်တဲ့ iPhone မျိုးဆက်ထုတ်လုပ်ရေးအတွက် မိတ်ဖက်ဖြစ်လာဖို့ ရှိပြီး ၂၀၂၀ ပြည့်နှစ်မှာ ဒီလိုမျိုး ခေါက်သိမ်းထားလို့ ရမယ့် iPhone တွေကို ဈေးကွက်တင် ရောင်းချသွားတော့မယ်လို့ လည်း ဆိုပါတယ်။ LG Display ဟာ Apple ရဲ့ iPhone ထုတ်ကုန်များအတွက် display တင်မဟုတ်ဘဲ ခေါက်ချိုးနိုင်တဲ့ ဆားကစ်ဘုတ်တွေ ထုတ်လုပ်ရေးအတွက်ပါ ပူးပေါင်းသွားမယ့် သဘော ဖြစ်ပေမယ့် ဒီသတင်းကို အတည်ပြုလို့ တော့ မရသေးပါဘူး။

 

သုံးနှစ်တစ်ကြိမ် နည့်းပညာနဲ့ ဒီဇိုင်း အပြောင်းအလဲ လုပ်လေ့ရှိတဲ့ iPhone တွေရဲ့ သဘာဝအရဆိုရင်တော့ လာမယ့် ၂၀၂၀ မှာ ဆန်းသစ်တဲ့အပြောင်းအလဲပါ iPhone တွေကို တွေ့ ရဖို့ ရှိနေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ခေါက်သိမ်းထားနိုင်တဲ့ iPhone တွေ ထွက်လာမလားဆိုတာလည်း စောင့်ကြည့်စရာဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ ဈေးကွက်ထဲမှာ ခေါက်နိုင် သိမ်းနိုင်တဲ့ စမတ်ဖုန်းရယ်လို့ မမြင်ရသေးပါဘူး။

 

တစ်ခုရှိတာက တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ ZTE ကတော့ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့ မှာ ကမ္ဘာ့ပထမဆုံး ခေါက်နိုင်ချိုးနိုင်တဲ့ ရှေ့ နောက် screen နှစ်ဖက်ပါ ZTE Axon M ကို မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ နာမည်ကြီး Samsung ကုမ္ပဏီကလည်း ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်နိုင်တဲ့ စမတ်ဖုန်းဒီဇိုင်းကို နှစ်နဲ့ ချီ တီထွင် ကြံဆလာရာကနေ လာမယ့် ၁ နှစ် ၂ နှစ်အတွင်း ဈေးကွက်ထဲမှာ ခေါက်နိုင်တဲ့ Samsung စမတ်ဖုန်းတစ်လုံးကို ကြေငြာနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။

play

 

Apple ဟာ လာမယ့် 2020 မှာ ခေါက်နိုင်တဲ့ iPhone တစ်မျိုးကို LG Display နဲ့ အတူ ထုတ်လုပ်သွားနိုင်မလား မသိရသေးပေမယ့် လက်ရှိ iPhone X မှာ သုံးထားတဲ့ OLED display တွေကိုတော့ Samsung Display ကနေ မှာထားရတာ ဖြစ်ပါတယ်။ တကယ်လို့ သာ LG Display နဲ့ ပူးပေါင်းဖြစ်မယ်ဆိုရင်တော့ Apple အနေနဲ့ ပြိုင်ဘက် Samsung Display ပေါ်အရင်ကလို မှီခိုစရာ လိုတော့မှာ မဟုတ်ပါဘူး။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ